App ထက်ဝက်နီးပါး ဖြုတ်ချခဲ့တဲ့ Google Play Store
Google Play Store မှာ အရင်ရှိခဲ့တဲ့ App ပေါင်း 3.4 သန်းရှိခဲ့ရာကနေ 1.8 သန့်နီးပါး လျော့ကျသွားတယ်လို့ Appfigures analyst က ဆိုထားတာပါ။ ဒါက ဒီနှစ်စပိုင်းက နောက်ဆုံးတွက်ချက်မှုပါ။ လျော့ကျသွားတာမဟုတ်ပဲ Google ဘက်ကနေ လျှော့ချလိုက်တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
အဓိကအကြောင်းအရင်းကတော့ အရည်အသွေးမြင့်ပြီး Privacy ပိုင်း စိတ်ချရတဲ့ App တွေကို ဦးစားပေးသွားမှာကြောင့်လို့ ဆိုထားပါတယ်။ အရင်နှစ်တွေအတွင်းမှာ တွေ့ခဲ့ရတဲ့ အရည်အသွေးနိမ့်တဲ့ App တွေနဲ့ အန္တရာယ်အချို့ရှိတဲ့ App တွေကြောင့် 2023 ကနေ စပြီး ကုမ္ပဏီကနေ စမ်းသပ်မှုတွေ ပိုတိုးလုပ်ဆောင်ခဲ့ကြပြီး App အချို့ကို ရှင်းပစ်ခဲ့ကြပါတယ်။
