4 ပတ် - ဘာသာပြန်ပါ။

၂၀၁၃ တုန်းက ပီရက်ဇ်ဟာ ဒင်ဟိုကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမယ့် ရုပ်ရည်ပိုင်းကြောင့်ဆိုပြီး မခေါ်ယူခဲ့ဘဲ ဘက်ခမ်းကိုသာ ခေါ်ယူခဲ့ပါတယ်။ ဘက်ခမ်းကို ခေါ်ယူခဲ့မှုက ဘဏ္ဍာရေးအရ အောင်မြင်ခဲ့ပေမယ့် ဒင်ဟိုကို လက်လွှတ်ခဲ့တာက ကွင်းတွင်းအောင်မြင်မှုမှာ ထိခိုက်ခဲ့ရပါတယ်။

ဒင်ဟိုကတော့ ဘာာကာကိုပြောင်းသွားခဲ့ပြီး သူ့ကြောင့် ဘာစီလိုနာက ခေါင်းပြန်ထောင်လာခဲ့ကာ အောင်မြင်မှုတွေ ဆက်တိုက်ရယူသွားခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဘက်ခမ်းရဲ့ ဂျာစီရောင်းရတာကိုပဲ စာဖွဲ့နေခဲ့ရပါတယ်။

အခု စတုဂတ်ကွင်းလယ်လူ စတေလာကို ခေါ်ယူဖို့အတွက် ရီးရဲလ်က စိတ်ဝင်စားနေပါတယ်။ သူကလည်း ဒင်ဟိုလိုပဲ ရုပ်ရည်ပိုင်းဆိုင်ရာအရ ပီရက်ဇ်အကြိုက်တော့မဟုတ်ပါဘူး။ ဒီတခါလည်း ပီရက်ဇ် ဘာကိုရွေးချယ်မှာလဲ ကြည့်ရပါတော့မယ်။

image