4 w - Translate

ပါချိုဟာ အသင်းထောင့်ကန်ဘောပေးရမှာစိုးလို့ ဘောလုံးမရရအောင် လိုက်ဖျက်ထုတ်ခဲ့ပါတယ်။ ဂိုးစည်းလိုင်းပေါ်ကနေကို ရှင်းထုတ်ခဲ့တာဖြစ်ပြီး မထင်မှတ်ဘဲ သူ့ရှင်းထုတ်မှုကနေ ပီအက်စ်ဂျီက ဂိုးပါရသွားတဲ့အထိ ဖြစ်ခဲ့တာပါ။
အင်တာနဲ့ပွဲမှာ ရခဲ့တဲ့ ဒုတိယဂိုးက သူ့ရဲ့ဖျက်ထုတ်မှုကနေ ပြန်လည်အစပြုပြီး ရရှိခဲ့တာပါ။ ပွဲကို လုံး၀အပြီးသတ်နိုင်စေခဲ့ပြီး အင်တာမီလန်ဟာ ၂-၀ ဖြစ်သွားချိန်မှာ လုံး၀ကို ဒေါင်းသွားပါတော့တယ်။ ပါချိုရဲ့ ဖျက်ထုတ်မှုက တကယ်အဖိုးတန်သွားခဲ့တာပါ။
ချန်ပီယံလိဂ်ဖလားကို ပထမဆုံးရယူနိုင်တဲ့ အီကွေဒေါသားအဖြစ်နဲ့လည်း သူ မှတ်တမ်းဝင်ခဲ့ပါတယ်။

image