5 w - Translate

#ပြည်တွင်းသတင်း
◼ငလျင်ကြောင့်ပြိုကျခဲ့သည့် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပြန်လည်ဖွင့်လှစ်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် IBECဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ ယာယီ ကျောင်းဆောင်များဆောက်လုပ်ပြီးစီးခဲ့ကာ ယနေ့( ဇွန် ၂ ရက်)တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံ မှ သိရသည်။
အဆိုပါ စာသင်ကျောင်းများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း IBEC ဆရာတော်၏ဦးဆောင်မှုဖြင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အား အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခဲ့ခြင်း၊ အလှူရှင်များ၏ စာသင်ကျောင်းများဆောက်လုပ်နိုင်ရန် အလှူငွေများလှူဒါန်းခဲ့ခြင်း၊ စာသင်ကျောင်းများအချိန်မီပြီးစီးရန် ကျောင်းတိုက်နေသံဃာများကိုယ်တိုင်နေ့စဉ်လုပ်အားပေးဆောက်ရွက်ခြင်းတို့ကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လက်ရှိယာယီစာသင်ကျောင်းဆောင်တွေကို Street Structure တွေနဲ့အမြန်ဆောက်လုပ်ခဲ့တာပါ။အလှူရှင်များကလည်း ကျောင်းဆောင်တစ်စောင်ကို ငွေကျပ်သိန်း(၂၀၀)နှုန်းနဲ့ လှူဒါန်းခဲ့ကြပြီး လက်ရှိအချိန်ထိကျောင်းဆောင်(၂၂)ခု​အထိရှိပြီစီးသွားပြီ။ ဒါကြောင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်အမီကျောင်းဖွင့်စာသင်နိုင်တဲ့ အခြေအနေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်"ဟုအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောင်းဖွင့်ပွဲအခမ်းအနားအား လာမည့် ဇွန် ၃ ရက်တွင်ကျင်းပသွားမည်ဖြစ်ကာ အခမ်းအနားတွင် IBEC ဆရာတော်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ IBEC ဘင်ခရာတပ်ဖွဲ့မှ တီးမှုတ်ဖျော်ဖြေခြင်းများဖြင့်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - IBEC

image