4 w - Translate

A Cla-ssic Ho-rror Sto-ry (2021)

ဒီဇာတ်ကားရဲ့အစမှာတော့ ကားတစ်စီးနဲ့ ခရီးထွက်လာခဲ့ကြတဲ့ လူငါးယောက်ရဲ့ ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုကို မြင်တွေ့ရပါမယ်။ သူတိုအဖွဲသွားခဲ့တဲ့လမ်းမှာပဲ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ပြီး ဖြစ်ခဲ့တဲ့ မတော်တဆမှုက သူတိုပြန်သတိရလာချိန်မှာတော့ ကားရော လူတွေရောက သစ်တောတစ်ခုထဲမှာရှိတဲ့ သစ်သားအိမ်တစ်လုံးရဲ့အရှေ့မှာ ရောက်နေပါတယ်။ ဘေးပတ်လည်မှာလည်း ဘာလမ်းမှ မရှိသလို လူလည်း မရှိတဲ့အပြင် ဖုန်းတွေကလည်း ဘယ်သူနဲ့မှ ဆက်သွယ်လို မရတော့ပါဘူး။ အဲဒီသစ်တောထဲကို သူတိုဘယ်လို ရောက်သွားခဲ့တာလဲ၊ သူတိုတွေ ဘာတွေကြုံတွေ့ရမှာလဲ ဆိုတာကိုတော့ Horror movie ကောင်းကောင်းကိုမှ ကြည့်ချင်ပါတယ် ဆိုတဲ့သူတွေအတွက်တော့ ဒီကားလေးက စိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်မှာ အသေချာပါပဲ။ ဒါပေမဲ့ ကြောက်တတ်တဲ့သူတွေဆိုရင်တော့ မကြည့်သင့်ပါဘူး။

image