5 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန် နှင့် မ‌ကွေးတိုင်းတို့တွင် သစ်ပင်များလဲကျ
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန် နှင့် မ‌ကွေးတိုင်းတို့တွင် သစ်ပင်များလဲကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းအတွင်း၌ ယနေ့ (ဇွန် ၂ ရက်)၊နံနက် ၈ နာရီ ၃၈ မိနစ်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊ အဓိပတိလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့သလို နံနက် ၉ နာရီတွင်လည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပုလဲရတနာလမ်း နှင့် ပြည်ထောင်စုလမ်းထောင့်တွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ရှိ ကျောင်းတော်ရာ ကျေးလက်ကျန်မာရေးဆေးခန်းတွင်လည်း ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့် အဆိုပါနေရာများသို့ သက်ဆိုင်ရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပန်းဥယျာဉ်အဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image