👉 အပင်ရေလောင်းဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ...🤔
- အပင်တွေကို ရေလောင်းတဲ့အခါ ဆိုကျိုးထက် ကောင်းကျိုးပိုများစေဖို့အတွက် နည်းစနစ်ကျကျ ရေလောင်းနည်းတွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ နေပူများချိန်မှာ ရေမလောင်းပါနှင့်။ ☀☀☀
- အပင်တွေကို ရေလောင်းတဲ့အခါ အပူရှိန်များလေ ရေငွေ့ပြန်လေဖြစ်တာကြောင့် အပူချိန်များတဲ့ နေ့လယ်ချိန်တွေမှာ ရေလောင်းတာကို ရှောင်ကျဥ်ပေးရပါမယ်။ နေပူချိန်မှာ ရေလောင်းတာမို့ ရေပူပြီးရေငွေ့ပြန်နိုင်သလို အမြစ်တွေကိုလဲ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေပူရှိန်များတဲ့ နွေရာသီမှာဆိုရင် မနက်ပိုင်းနဲ့ညနေပိုင်းလို နေအေးတဲ့အချိန်တွေမှာ ရေလောင်းပေးသင့်ပါတယ်။
၂။ မနက်ခင်းမှာ ရေလောင်းပါ။ 💧💦
- မနက်ခင်းမှာ ရေလောင်းတာက နေအေးတဲ့အချိန်မို့ ရေငွေ့ပြန်သွားမယ့်အစား အပင်ရဲ့အမြစ်ဆီကို ပိုမိုစိမ့်ဝင်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ ရေကို အပြည့်အဝစုပ်ယူနိုင်ပြီး ညဘက်မရောက်ခင် ခြောက်သွေ့တာကြောင့် အရွက်တွေမှာ ရေကျန်တာမျိုးတွေ မရှိစေပါဘူး။
၃။ ညဘက် ရေလောင်းခြင်းကို ရှောင်ကျဥ်ပါ။ 🌔
- နေဝင်ချိန်နဲ့ ညဘက်တွေမှာ အပင်တွေကို ရေလောင်းခြင်းဟာ ရေငွေ့မပြန်နိုင်တာကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ အရွက်တွေခြောက်သွေ့စေဖို့ နေရောင်မရှိတဲ့အတွက် အရွက်တွေမှာ မှိုရောဂါနဲ့ ပုပ်တာတွေ ဖြစ်နိုင်ပါတယ်။
