4 w - Translate

🍋 သံပုရာပင် အသီးတင်အောင်ပြုလုပ်နည်း 🍋
စိုက်ပျိုးထားတဲ့ သံပုရာပင်တွေ အသီးအပွင့်တွေထွက်လာပြီး အသီးတင်စေဖို့အတွက် ဒီနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။
၁။ နေရောင်ခြည် 🌞
သံပုရာပင်က အသီးအပွင့်တွေများစွာ ပွင့်လာစေဖို့အတွက် နေရောင်ခြည်ကောင်းစွာရရှိဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး(၆)နာရီခန့် နေရောင်ခြည်ရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အရိပ်ဖြစ်စေတဲ့ အပင်ကြီးတွေကို ကိုင်းချိုင်ပေးပြီး နေရောင်ခြည်ရအောင် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၂။ ရေ 💧💦
စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ ရေလုံလောက်စွာရရှိမှ အသီးအပွင့်တွေဝေလာပြီး အထွက်ကောင်းစေမှာဖြစ်ပါတယ်။ သို့သော် ရေဝပ်တာကိုမကြိုက်တဲ့အတွက် ရေစီးရေလာကောင်းအောင်ပြုလုပ်ပေးပြီး အစိုဓာတ်မျှတစေဖို့အတွက် အမြဲဆန်းစစ်ပေးသင့်ပါတယ်။ သံပုရာရွက်တွေ အောက်ငိုက်နေပြီဆိုရင်တော့ ရေလိုအပ်နေပြီမို့ တစ်ပတ်ကိုတစ်​ကြမ်ခန့် ရေစိုရွှဲအောင် လောင်းပေးသင့်ပါတယ်။
၃။ အာဟာရဓာတ် 👩‍🍳👨‍🍳
အာဟာရဓာတ်ပြည့်ဝမှ အသီးအပွင့်တွေ ဝေဆာနိုင်မှာမို့ အပင်စိုက်ပျိုးစဥ်ကတည်းက သဘာဝမြေသြဇာတွေကို ထည့်ကျွေးပြီး စိုက်ပျိုးသင့်ပါတယ်။ သံပုရာပင်က နိုက်ထရိုဂျင် ပိုမိုစားသုံးတဲ့ အပင်အမျိုးအစားမို့ နိုက်ထရိုဂျင်အချိုးပိုများတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီး ကျွေးသင့်ပါတယ်။
၄။ ကိုင်းချိုင်ပေးခြင်း 🗡⛏
အများအားဖြင့် အပေါ်ကိုရှည်ထွက်နေတဲ့ ကိုင်းတွေဟာ "အသီး" သီးလေ့မရှိကြပါဘူး။ ဒါကြောင့် ထောင်မတ်နေတဲ့ ကိုင်းတွေကိုရွေးချယ်ပြီး ဦးစားပေး ဖြတ်ပေးသင့်ပါတယ်။ လေဝင်လေထွက်ကောင်းမွန်စေဖို့အတွက် ပြွတ်သိပ်နေတဲ့ ကိုင်းတွေ နဲ့ ရောဂါကျ​နေတဲ့ ကိုင်းတွေကိုလဲ ရှင်းပေးရပါမယ်။ ဖြတ်တဲ့နေရာမှာ ရေဝင်ပြီး ပုပ်နိုင်တာမို့ ၄၅ဒီဂရီစောင်းပြီး ဖြတ်ပေးသင့်ပါတယ်။
👉 စိုက်ပျိုးသမျှ အောင်မြင်ဖြစ်ထွန်းကြပါစေရှင်...🙏

image