ဂွေးသီးကြက်သောက်ဆမ်း တစ်ပွဲချက်ဖို့ 👇🍲

ကြက်သားကို ဆေးကြောသန့်စင်ပြီး အိုးထဲထည့်။
ပြီးလျှင် ဆား၊ကြက်သားမှုန့်အနည်းငယ်၊
ဆနွင်းမှုန့်အနည်းငယ်၊စိမ်းစားငပိ ထမင်းစားဇွန် တစ်ဝက်လောက် ရေဖျော်ပြီး စစ်ထည့်၊ (ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးခြောက် ၃မျိုးကို ထောင်းပြီးထည့်၊ အစပ်မကြိုက်လျှင်ငရုတ်သီးမထည့်ရပါ ။အားလုံး သမအောင်မွှေမယ်။
ပြီးလျှင် ၁၅မိနစ်လောက် ခနနှပ်ထားမယ်။
နှပ်ထားတာရပြီဆိုလျှင် စပါးလင် ၂ချောင်းလောက်
ဖြတ်ပြီးထည့်၊ဂွေးသီးတွေ အချည်လိုချင်သလောက် ချိန်ပြီးထည့်၊ ရေနွေးထည့်ပြီး အဖုံးအုပ်ချက်မယ်။
အသားနူးပြီးကျက်ပြီဆို အပေါ့၊အငံလည်း အဆင်ပြေပြီဆိုလျှင်တော့ ငရုတ်သီးစိမ်းညှပ် ထည့်၊ငရုတ်ကောင်း၊ရှမ်းနံနံ ၊နံနံပင်ကြိုက်ရာ အုပ်ပြီး အရမ်းမွှေးပြီး ချည်စပ် ရှူးရှဲပွင့်ထွက် ၊အားရှိ ဂွေးသီးကြက်သောက်ဆမ်းလေးရပါပြီရှင့်။ဒီနည်းက Healthy and simple cooking တို့ချက်စားနေကျ ဂွေးသီးကြက်သောက်ဆမ်းလေးပါရှင့်။
ခံတွင်းပျက်နေသူတွေလည်း ဒီဟင်းလေးချက်စားကြည့်ပါနော် ။
🐓ကြက်နီမကအသားအရမ်း မာပါတယ်။ (ကြက်နီမသုံးရင် pressure cooker သုံးမှအဆင်ပြေပါသည်။ )
🐔Cp ကြက်ကလည်း ကြက်သားဆီပြန်တို့ ၊ကြက်ကြော်တို့အတွက်ပဲကောင်းတယ်။ သောက်ဆမ်းချက်ရင်စားမကောင်းဘူးရှင့်။
🐤ကျမကဗမာကြက်ခေါ် အိမ်ကြက်အသေးလေး ချက်ထားပါတယ်။ သူက ကျက်ဖို့လွယ်တယ်။

image