#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ ရှန်ဂရီလာမိန့်ခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်
စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ရှန်ဂရီလာဒေသတွင်းလုံခြုံရေး ညီလာခံ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတိဟက်ဆက် ပြောကြားခဲ့သည့် မိန့်ခွန်းကို တရုတ်နိုင်ငံက ဇွန် ၁ရက်တွင် ဝေဖန်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ ရှန်ဂရီလာဒေသတွင်းလုံခြုံ ရေး ညီလာခံမိန့်ခွန်း၌ တရုတ်နိုင်ငံအား အာရှ- ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်မှုအဖြစ် ရည်ညွှန်းသတ်မှတ်ထားမှုကို တရုတ်နိုင်ငံအနေဖြင့်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဟက်ဆက်၏ ရှန်ဂရီလာညီလာခံမိန့်ခွန်းသည် တရုတ်နိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများအကြား သပ်လျှိုရန်ရည်ရွယ်သည့် မိန့်ခွန်းဖြစ်ကြောင်းလည်း တရုတ်နိုင်ငံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် တောင်တရုတ်ပင်လယ်ဒေသ၌ ထိုးစစ်သုံးလက်နက်များ ဖြန့်ကြက်ထားပြီး အာရှ-ပစိဖိတ်ဒေသ၌ တင်းမာမှုများ ဖန်တီးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သည် မေ ၃၁ ရက် တွင်ကျင်းပခဲ့သော ရှန်ဂရီလာဒေသတွင်းညီလာခံ၌ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုမှာ အာရှ-ပစိဖိတ်ဒေသအတွက် အစစ်အမှန် ခြိမ်းခြောက်မှုဖြစ်ပြီး အချိန်မရွေးပေါ်ထွက်လာနိုင်ကြောင်း ရှန်ဂရီလာမိန့်ခွန်း၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က ပြောကြားခဲ့သည်။
ရိုက်တာ
