ယိုးဒယား ပဲကြာဇံသုပ် ချည်ငံစပ် လုပ်နည်း 😋
ပါဝင်ပစ္စည်းများ
-ပဲကြာဇံ
-ကြက်သွန်နီ ပါးပါးလေးလှီး
-ငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
-သံပုရာရည် ထမင်းစားဇွန်း ၃ ဇွန်း
-သကြား ၂ ဇွန်း
-ကြက်သွန်ဖြူချဉ်ရည် ၃ ဇွန်း
-အရသာမှုန့် အနည်းငယ်
-ပုဇွန်
-ဝက်အူချောင်း ဂဏန်း ကြိုက်သလောက်ထည့်ပါ
-အပ်မှို ( မရှိရင်မထည့်လဲရ )
-အနံကြိုက်တဲ့သူအတွက် ရှမ်းနံနံပင် တစ်ပင်
သုပ်နည်း
~~~~~~~~~~~~~~~~
၁။ ပဲကြာဇံ ၊ ပုဇွန်၊ ဝက်အူချောင်း ပြုတ်ထားပါ ။
၂။ သုပ်ဖို့ ဇလုံကိုပြင်ပြီး ငရုတ်သီး၊ ကြက်သွန် နဲ့ ငံပြာရည်ထည့်
သံပုရာရည်၊ ကြက်သွန်ဖြူချဉ်ရည်၊ သကြားညို၊
အရသာမှုန့် ပြင်ဆင်ထားတာအကုန်ထည့်ပြီးရင် အရသာမြည်းကြည့်ပါ
၃။ ဂျယ်လီကြာဇံ ၊ ပုဇွန်၊ ၀က်အူချောင်း ၊ ဂဏန်းကိုထည့်၊
ကြက်သွန်နီနဲ့ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီးရင်
အဲဒါတွေကို ကောင်းကောင်းရောသမမွှေပြီးရင်
ပန်ကန်ထဲထည့်ပြီး စားလို့ရပါပြီ။
Credit

image