4 w - Translate

တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းတွေ ကျနေတာ
မျိုးရိုးဗီဇကြောင့် မဟုတ်ဘူး။သင်ကိုယ်တိုင် နေ့တိုင်း ဘယ်လို ဖျက်ဆီးနေသလဲဆိုတာနဲ့ပြန်လည်ရယူဖို့ နည်းလမ်း ၅ ခုကတော့👇

၁။ အကြောင်းအရင်း- ညဘက် နောက်ကျတဲ့အထိ blue light (ဖုန်း/ကွန်ပျူတာ) ကြည့်ခြင်း
အကျိုးသက်ရောက်မှု- မယ်လတိုနင် (Melatonin) ဟော်မုန်းတွေ ထိုးကျသွားတယ်။
တက်စတိုစတီရုန်းလည်း နောက်ကလိုက်ကျတယ်။
ပြုပြင်နည်း- မအိပ်ခင် မိနစ် ၉၀ ကတည်းက screen တွေကို မကြည့်တော့ဘဲ ဖြတ်တောက်ပါ။
၂။ အကြောင်းအရင်း- တစ်နေ့လုံး အဆာပြေစားနေခြင်း
အကျိုးသက်ရောက်မှု- အင်ဆူလင် (Insulin) မြင့်နေတယ်။
တက်စတိုစတီရုန်း နိမ့်နေတယ်။
ပြုပြင်နည်း- အစာကို ဆိတ်လိုတတွတ်တွတ်စားမနေဘဲ အနပ်ကြီးတွေပဲစားပါ။ ၁၄ နာရီကျော် အစာရှောင်ပါ။
၃။ အကြောင်းအရင်း- ဘယ်တော့မှ sprint မပြေးခြင်း
အကျိုးသက်ရောက်မှု- ပြင်းပြင်းထန်ထန် မလုပ်တော့ ဟော်မုန်းတွေ မလှုပ်ရှားဘူး။
ပြုပြင်နည်း- တစ်ပတ်ကို ၁-၂ ကြိမ် လျှင်မြန်ပြင်းထန်တဲ့ အပြေးလေ့ကျင့်ခန်းလုပ်ပါ။ တိုတောင်း၊ ပြင်းထန်၊ အားကုန်ထုတ်လုပ်ပါ။
၄။ အကြောင်းအရင်း- နေရာတိုင်းမှာ ဟင်းသီးဟင်းရွက်ဆီ (Seed oils) များစွာသုံးစွဲခြင်း
အကျိုးသက်ရောက်မှု- ရောင်ရမ်းမှု၊ အီစထရိုဂျင် (Estrogen) များပြားခြင်း၊ အားနည်းခြင်း။
ပြုပြင်နည်း- တိရစ္ဆာန်အဆီ (tallow)၊ ထောပတ်ကြည် (ghee)၊ သာမန်ထောပတ်တို့နဲ့ ချက်ပြုတ်ပါ။ အညွှန်းတိုင်းကို ဖတ်ပါ။
၅။ အကြောင်းအရင်း- အိပ်ရေးမဝခြင်း
အကျိုးသက်ရောက်မှု- အိပ်ရာဝင်တာထက် ပိုပြီးအားနည်းနေသလို နိုးထလာမယ်။
ပြုပြင်နည်း- ည ၁၀ နာရီမှ နံနက် ၂ နာရီဟာ တက်စတိုစတီရုန်း တည်ဆောက်ချိန် ဖြစ်တယ်။ ဒီအချိန်ကို လက်လွတ်မခံပါနဲ့။
၆။ အကြောင်းအရင်း- သက်သောင့်သက်သာရှိခြင်းက အသားကျလာရင် တက်စတိုစတီရုန်း လျော့ကျသွားမယ်။
ယောက်ျားပီသမှုဆိုတာ ပွတ်တိုက်မှုရုန်းကန်မှုတွေထဲမှာ တည်ဆောက်တာ။
ပြုပြင်နည်း- အအေးဒဏ်၊ ဆာလောင်မှု၊ တည်ငြိမ်မှု၊ ဝန်ထုပ်ဝန်ပိုးတို့ကို ရှာဖွေပါ။ဒါကြောင့် cold shower , fasting, strength training တွေလုပ်နေကြတာအလကားမဟုတ်ဘူး။
တက်စတိုစတီရုန်းဟိုမုန်းဟာ တစ်ညတည်းနဲ့ ဆုံးရှုံးသွားတာ မဟုတ်ဘူး။အကျင့်ဆိုးတစ်ခုချင်းစီနဲ့ တထစ်ခြင်းဖြိုချခဲ့တာ။
ဒါကြောင့်အလျင်မလိုဘဲ ဆုံးဖြတ်ချက်တစ်ခုချင်းစီနဲ့ ပြန်လည်တည်ဆောက်ပါ။
လေးစားလျက်-