ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ နေကနေထွက်လာတဲ့ Coronal Mass Ejection (CME) ရိုက်ခတ်မှုကြောင့် ကမ္ဘာပေါ်မှာ G-4 အဆင့်ရှိတဲ့ ထူးကဲသံလိုက်စက်ကွင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုဖြစ်ပေါ်ခဲ့တာကြောင့် ပုံမှန်ဆိုရင် ဥတ္တရအလင်းတန်းကို မမြင်နိုင်တဲ့ အမေရိကန်နိုင်ငံ၊ Wyoming ဝိုင်အိုမင်မြို့နဲ့ အခြားဒေသများ ကနေ ကံအားလျော်စွာ Aurora light မြင်ကွင်းကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။
ဥတ္တရအလင်းတန်းဘာကြောင့်ဖြစ်ရတာလဲ ?
ဥတ္တရအလင်းတန်း Northern Lights လို့ခေါ်တဲ့ Aurora Borealis ဖြစ်ပေါ်ရခြင်းက နေကနေ ထွက်လာတဲ့ အားပြင်းထန်တဲ့ အမှုန်တွေ charged particles များက ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာလို့ပဲ ဖြစ်ပါတယ်။
ဒီအမှုန်တွေဟာ solar flares ဒါမှမဟုတ် Coronal Mass Ejections (CMEs) လိုမျိုး နေရဲ့လှုပ်ရှားမှုတွေကနေ ထွက်ပေါ်လာတာပါ။
ဒီလို အားပြင်းထန်တဲ့ အမှုန်တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်း (Earth's magnetic field) နဲ့ တွေ့တဲ့အခါ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေ ဆီကို ဆွဲငင်ခြင်းခံရပါတယ်။
အဲ့ဒီမှာ ဒီအမှုန်တွေဟာ ကမ္ဘာ့လေထုအပေါ်ပိုင်းမှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေ၊ အထူးသဖြင့် အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် အမှုန်တွေနဲ့ တိုက်မိပါတယ်။ သူတို့တွေ တိုက်မိတဲ့အခါ အလင်းတန်းအသွင်အဖြစ် ပေါ်လာတာဖြစ်လို့ ဥတ္တရအလင်းတန်းကို ဖြစ်ပေါ်စေတာပါ။
အလင်းတန်းရဲ့အရောင်တွေကတော့ electrical charge ပြင်းထန်တဲ့ အမှုန်တွေ တိုက်မိတဲ့ ဓာတ်ငွေ့မော်လီကျူးလေးတွေ အမျိုးအစားနဲ့ ဘယ်လောက်အမြင့်မှာ တိုက်မိလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားပါတယ်။
အစိမ်းရောင် ကတော့ အောက်ဆီဂျင်အမှုန်တွေနဲ့ ထိတွေ့မှုကြောင့် အဖြစ်များဆုံး အရောင်တစ်ခုပါ။
အနီရောင် ကတော့ အောက်ဆီဂျင်အမှုန်တွေနဲ့ ပိုမြင့်တဲ့အမြင့်မှာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
အပြာရောင် အဝါရောင် ခရမ်းရောင် တွေကတော့ နိုက်ထရိုဂျင်အမှုန်တွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့်မို့လို့ ဒီလို CME ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ G-4 အဆင့် ကမ္ဘာ့သံလိုက်စက်ကွင်းမုန်တိုင်း ဖြစ်စဉ်ကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲခြင်းဖြစ်စဉ်တွေအပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ပါဘူး။
