4 w - Translate

နားလည်ပေးသူက သဘောပြည့်တယ်
သည်းခံပေးသူက အေးချမ်းတယ်
ခွင့်လွတ်ပေးသူက ငြိမ်းချမ်းတယ်

ကိုယ့်ပေတံနဲ့ တိုင်းတာနေရင်
ပေမမှီ ဒေါက်မမှီတွေ
ပေလွန် ဒေါက်လွန်တွေ
အများကြီး တွေ့ရမှာပေါ့။

စိတ်အလိုမကျမှုလေးတွေကို
ဖြေတွေးတတ်ပါစေ။ လူအမျိုးမျိုး
စိတ်အထွေထွေဆိုတော့
အမှိုက်တွေကို သိမ်းစည်းထားရင်
ကိုယ်ဟာ အမှိုက် စွန်ပစ်ခံဌာနကြီးလား
အဲ့ဒီလိုလေး စဉ်းစားသင့်ပါတယ်။

အမှိုက်တွေကြောင့်
စိတ်ကို မညစ်ငြူးပါစေနဲ့

သူတစ်ပါးရဲ့ သမိုင်းစာမျက်နှာတွေ
သိထားရင်လည်း ကိုယ့်စာအုပ်ထဲ
ထည့်မရေးမိစေဖို့ အရေးကြီးပါတယ်။

အမှားအမှန်
ဖြစ်သင့်တာ မဖြစ်သင့်တာ
လုပ်သင့်တာ မလုပ်သင့်တာ
ပြောသင့်တာ မပြောသင့်တာ စသည်ဖြင့်
ကိုယ်ဖြစ်စေချင်တဲ့ အယူအဆတွေ
ချပြမနေပါနဲ့။

ရှုတ်ထွေးပွေလီမှုတွေက
ဇာတ်ခုံတိုင်းမှာ ရှိနေပါတယ်။
ဒီတော့ နေရင်းထိုင်ရင်း အပူထုပ်တွေ
ထမ်းပိုး မထားမိပါစေနဲ့။

ရှောင်လို့တိမ်းလို့ မရနိုင်တဲ့
အခြေအနေဆိုရင်လည်း
လူ ဆိုတာ အမှား မကင်းသူတွေပဲလေ။

အမှားကို ပြင်ပြီလား
မပြင်သေးဘူးလား
ပြင်ရကောင်းမှန်းကို မသိတာလား
သူ့ အကျင့်စရိုက်က ဒီလိုလား
သိထားရင် တော်ပြီပေါ့။

မတည့်ရင် ကင်းအောင် နေ။
မကင်းနိုင်ရင် တည့်အောင် နေ။
ဒီသဘောလေး ဆုပ်ကိုင်ထားပါ။

ကိုယ့်ဘဝတောင် ကိုယ်ဖြစ်ချင်သလို
ပုံဖော်ရ ခက်သေးတာ အခြားသူကို
ကိုယ့်စိတ်အလိုကျ ဖြစ်စေဖို့က
ဘယ်လွယ်မလဲ။

မိမိစိတ်ကို ရသလောက်လေးနဲ့
စတင် ထိန်းပြီး အလေ့အကျင့် လုပ်ပါ။

သူတို့ကိုပဲ ဂရုစိုက်နေကြရတယ်။
သတိထားနေရတယ် ဆိုရင်
သူတို့တွေကြောင့် သင်ဟာ
သင်္ခန်းစာတွေ အများကြီး ရလိုက်ပါတယ်။

စိတ်တိုစရာတွေ
စိတ်ပျက်စရာတွေ
ကြားရ သိရ ကြုံရ ဆုံရပေမယ့်
ခံယူတဲ့ နှလုံးသားမှာပဲ ပေကျံမှု ရှိလာမှာပါ။

မိမိရဲ့ နှလုံးသားလေးပဲ ဖြူစင်ပါစေ။

#ဘဝအတွတ်စာဖတ်ပါ

image