14 ပတ် - ဘာသာပြန်ပါ။

ဒေါ်လာ ၂၅၀ က စတဲ့ Hugging Face ထုတ် AI စက်ရုပ်
AI ကို ရုပ်မြင်သံကြား ထိတွေ့နိုင်မယ့် စက်ရုပ်တွေ လာပါပြီ။ တချို့ဆို တော်တော် ဈေးချိုတယ်လို့ ပြောနိုင်ပါတယ်။
အမေရိကန်က AI သုတေသန community တစ်ခုဖြစ်တဲ့ Hugging Face က AI လူတူစက်ရုပ်သစ်နှစ်မျိုးကို ချပြလိုက်ပါတယ်။ open source စက်ရုပ်အမျိုးအစားဖြစ်တဲ့ ဒီ humanoids တွေကို HopeJR နဲ့ Reachy Mini လို့ နာမည်ပေးထားပါတယ်။
HopeJR က ဆိုဒ်ပြည့် Humanoid ဖြစ်ပြီး လက်ခြေ ကွေးဆန့်လှုပ်ရှားနိုင်စွမ်း မြင့်တဲ့ 66 actuated degrees of freedom ရှိတဲ့ စက်ရုပ်ပါ။ actuated DoF မြင့်စက်ရုပ်တွေ ဖြစ်လို့ လှုပ်ရှားဟန်ပန်က ပိုညက်ညောပြီး လူနဲ့ ပိုနီးစပ်လာပါတယ်။
Reachy Mini ကတော့ နာမည်အတိုင်း စားပွဲတင် စက်ရုပ်အငယ်စားဖြစ်ပြီး သူလည်း ခေါင်းလှည့်နိုင်တာမျိုးတွေ လုပ်နိုင်သလို လူနဲ့ စကားပြောနိုင် လူပြောတာ နားထောင်နိုင်ပါတယ်။ နှစ်ခုလုံးက AI apps တွေ စမ်းသပ်ဖို့ သုံးနိုင်တဲ့ open source စက်ရုပ်တွေပါ။
လမ်းလျှောက်နိုင် အရာဝတ္ထုတွေ ကိုင်တွယ်နိုင်တဲ့ HopeJR က ဒေါ်လာ ၃၀၀၀ ဝန်းကျင် ကျသင့်ပြီး Reachy Mini က အခွန်ပေါ်လိုက်ပြီး ဒေါ်လာ ၂၅၀ ကနေ ၃၀၀ အကြား ဈေးနဲ့ ထွက်မယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်တွေက open source ဖြစ်လို့ သုံးစွဲသူ ကြိုက်သလို ပြန်တပ်ဆင် တည်ဆောက်နိုင်ပြီး လေ့လာနိုင်မှာပါ။
Hugging Face ရဲ့ စက်ရုပ်တွေက Tesla Optimus တို့လို စီးပွားဖြစ် အများကြီး ထုတ်တာ မဟုတ်ဘဲ ပညာရှင်တွေနဲ့ AI model အသိုင်းအဝိုင်းကလူတွေရဲ့ သုတေသနသုံးအဖြစ် ထုတ်လိုက်တာပါ။ ဒီနှစ်အကုန် စက်ရုပ်တွေ ဝယ်လက်ဆီ ပို့နိုင်မယ်လို့လည်း ပြောပါတယ်။

image