Gho-st Wi-fe (2018)
လှပချောမောတဲ့ နပ် ဟာ ဘန်ကောက်မြိုရှိ ကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့တယ်။ အဲ့ကျောင်းစရောက်တဲ့နေ့မှာပဲ စီနီယာချောလေး မက် နဲ့တွေ့ခဲ့ပြီး ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ သိပ်မကြာခင် နှစ်ယောက်သား ရည်းစားဖြစ်ခဲ့ကြတယ်။ ချမ်းသာတဲ့ မက် အမေကတော့ နပ် နဲ့ သဘောမတူခဲ့ဘူး။ မက် ကို နိုင်ငံခြားလွှတ်ခဲ့တယ်။ အဲ့အချိန်မှာပဲ နပ် မှာ ကိုယ်ဝန်ရှိနှင့်ပြီဆိုတာ မက် အမေက သိတော့ နပ် ကို ကိုယ်ဝန်ဖျက်ချဖို တိုက်တွန်းခဲ့တယ်။ ကံဆိုးမိုးမှောင်စွာပဲ နပ် ကိုယ်ဝန်ဖျက်ချတဲ့အချိန်မှာ သေဆုံးသွားခဲ့ပြီး သရဲအဖြစ်နဲ့ မက် ရဲ့ ကတိစကားတွေနဲ့အတူ သူတိုရဲ့ တိုက်ခန်းမှာ စောင့်နေခဲ့တယ်။ ဇာတ်လမ်းလေးကတော့ မက် က ပြန်လာမှာလား၊ ကတိတည်မှာလား၊ ဘယ်လောက်ကြောက်စရာကောင်းမလဲနဲ့ သူတိုနှစ်ယောက်ရဲ့အချစ်က ပြီးပြည့်စုံမလားဆိုတာ ဆက်လက်ကြည့်ရှုကြဖို တိုက်တွန်းလိုက်ပါရစေနော်။
