9 ပတ် - ဘာသာပြန်ပါ။

ဆန်းတို့စ်မှာ ပြန်ကစားနေခဲ့တဲ့ နေမာတယောက် အသင်းသစ်ထပ်ရှာနေရပြန်ပါပြီ။ မကြာခင်မှာ သူက ဆန်းတို့စ်နဲ့စာချုပ်သက်တမ်းကုန်တော့မှာဖြစ်‌ပြီး စာချုပ်သစ်ချုပ်ဖို့က မသေချာတော့ပါဘူး။ ဆန်းတို့စ်မှာလည်း အနားယူခဲ့ရသေးတဲ့ နေမာအတွက်တော့ ကစားသမားဘ၀ကို ဆက်လက်ကျင်လည်ဖို့ နည်းနည်းအခက်တွေ့နေရပါတယ်။
ပုံရိပ်အရကြီးမားပေမယ့် သူ့ရဲ့ ဒဏ်ရာရလွယ်မှုတွေက သူ့ကိုခေါ်ယူဖို့ အသင်းတွေကို လက်တွန့်နေစေပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာ ဝင်ကစားနိုင်ဖို့ဆိုရင် ပုံမှန်ကစားခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ရမှာဖြစ်သလို ကြံ့ခိုင်မှုပိုကောင်းအောင်လည်း နေမာက လုပ်ဖို့ လိုအပ်နေပါတယ်။
အခုထိတော့ သူ့ကိုခေါ်ယူချင်တယ်ဆိုတဲ့ အသင်းတွေထွက်ပေါ်မလာသေးပါဘူး။ ဘယ်အသင်းဆီကို နေမာဘက်က စတင်ကမ်းလှမ်းမလဲဆိုတာကိုပဲ ကြည့်ရမယ်နဲ့တူတယ်။

image