9 ပတ် - ဘာသာပြန်ပါ။

ဘင်ဖီကာနဲ့ လမ်းခွဲပြီးနောက် ဒီမာရီယာဟာ အသင်းဟောင်း ရိုဆာရီယိုစင်ထရယ်မှာ ပြန်ကစားပါတော့မယ်။ နှစ်ဖက်စလုံးက အတည်ပြုခဲ့ပြီးဖြစ်ကာ သူ့ကစားသမားဘ၀ကို ငယ်ဘ၀ကလပ်မှာပဲ ဒီမာရီယာက အဆုံးသတ်နိုင်တော့မှာပါ။
ရိုဆာရီယိုမှာ မွေးပြီး ဒေသခံကလပ်မှာပဲ သူ့ကစားသမားဘ၀ကို စတင်ခဲ့ပြီး ကမ္ဘာကျော်ကစားသမားတဦးအဖြစ် သူ ရပ်တည်နိုင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် အသင်းဟောင်းကလည်း သူ့ကို လိုလိုလားလားခေါ်ယူခဲ့တာပါ။
အာဂျင်တီးနားမှာ အေးအေးလူလူကစားပြီး ဒီမာရီယာက လက်ကျန်ကစားသမားဘ၀ကို ဖြတ်သန်းရုံပါပဲ။

image