Desiré Doué က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ကစားခဲ့ရတာပါ။ ပီအက်စ်ဂျီအတွက် ၂ဂိုးသွင်း၊ ၁ ကြိမ်ဖန်တီးကာ ထူးရှယ်ခြေစွမ်းပြခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ရယူသွားခဲ့ပါတယ်။ အသက် ၁၉နှစ်၊ ၁၁လနဲ့ ၂၈ ရက် အရွယ်မှာ သူစွမ်းဆောင်နိုင်ခဲ့တာပါ။
မက်ဆီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ၂ဂိုးသွင်းနိုင်ခဲ့ပြီး အခု သူက အဲဒီအရေအတွက်ကို တပွဲတည်းကစားပြီး လိုက်မီခဲ့တာပါ။ ပြီးတော့ ဗိုလ်လုပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူစာရင်းမှာလည်း မက်ဆီကို ကျော်တက်နိုင်ခဲ့ပြီး Desiré Doué အတွက် စပါယ်ရှယ်ညတညဖြစ်လာခဲ့ပါတယ်။
အသင်းနဲ့အတူ တရာသီအတွင်း ဖလား ၃ လုံးရယူနိုင်တဲ့အထိ ဖြစ်လာခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုမှာ အဓိကကျတဲ့ ကစားသမားတွေထဲက တဦးအဖြစ်နဲ့လည်း ရှိနေခဲ့ပါတယ်။
