ခါဗရာကတော့ ပီအက်စ်ဂျီနဲ့ တရာသီအတွင်း ဖလား ၃ လုံးရယူသွားခဲ့ပါပြီ။ ဗိုလ်လုပွဲမှာပါ သူ တဂိုးသွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဂျော်ဂျီယာသား ဖြစ်လာခဲ့ပါတယ်။ သူ့အတွက် ဂျော်ဂျီယာသားတွေအကုန်လုံးလည်း ဂုဏ်ယူနေကြပါပြီ။
ပြီးတော့ ခါဗရာဟာ နာပိုလီနဲ့လည်း ဒီရာသီမှာ စီးရီးအေဖလားကို ရခဲ့သေးတာပါ။ ရာသီဝက် သူ ကစားပေးခဲ့တာမို့ နာပိုလီတို့ အောင်မြင်မှုရတော့ သူလည်း အသင်းသားတဦးအဖြစ် ပါဝင်ခဲ့ပြီး ဆုတံဆိပ်ရယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူက ဒီရာသီမှာ အမှတ်ပေးဖလား ၂ လုံးပါဝင်တဲ့ ဖလား ၄ လုံးရ ကစားသမားဖြစ်လာခဲ့ပါတယ်။ မတူညီတဲ့အသင်းနှစ်သင်းနဲ့အတူ အမှတ်ပေးဖလား ၂လုံးရခဲ့ပြီး တရာသီအတွင်း ဖလား ၃ လုံးရတဲ့ မှတ်တမ်းကိလည်း ပိုင်ဆိုင်ခဲ့တာမို့ တကယ့်ကို ထူးခြားစံချိန်ပါပဲ။
