ချန်ပီယံလိဂ်မှာတော့ မြူးနစ်ဖိုင်နယ်ဟာ သူ့ရဲ့ Legacy တစ်ခုကို ထပ်ပြီးတော့ လက်ကမ်းသွားခဲ့ပြန်ပြီ။ မြူးနစ်ဖိုင်နယ်မှာ ကစားတိုင်းလိုလို ချန်ပီယံလိဂ်ရဲ့ ချန်ပီယံအသစ်တွေ ထွက်ပေါ်နေကျအစဉ်အလာ ဟာ တကယ်မှန်ခဲ့ပြန်ပြီ။
ဒီတစ်ကြိမ်မှာတော့ ချန်ပီယံအသစ်ဟာ ပီအက်ဂျီဖြစ်ခဲ့တယ်။ အသင်းကြီးစာရင်းဝင်ပြီးတော့ UCL မရဖူးတဲ့ ပီအက်ဂျီဟာ မြူးနစ်ဖိုင်နယ်မှာ ချန်ပီယံလိဂ်ကို ဆွတ်ခူးပြီးတော့ Treble Winner အဖြစ် ဥရောပမှာ ပီအက်ဂျီဟာ မျက်နှာပန်းလှခဲ့ပြီ။
မြူးနစ်ဖိုင်နယ်မှာဆိုရင် နောတင်ဟမ်ဖောရက်စ်၊ မာဆေးလ်၊ ဒေါ့မွန်၊ ချဲလ်ဆီး နဲ့ ပီအက်ဂျီတို့က ချန်ပီယံလိဂ်ရဲ့ ချန်ပီယံအသစ်အဖြစ် အသီးသီးဆွတ်ခူးထားနိုင်ကြပါတယ်။
