နိုင်ငံတကာသတင်းတိုများ
၁။ရုရှားနိုင်ငံကပ်စ်ဒေသတွင်လူစီးရထားနှင့်ကုန်တင်ရထားတိုတိမ်းမှောက်ရာ၇ဦးသေပြီး၃၀ကျော်ဒဏ်ရာရသည်။ရုရှားစုံစမ်းရေးအဖွဲကတံတားနှစ်စင်းကိုအဖျက်အမှောင့်သမားများကချိုးထားသဖြင့်ရထားများမှောက်ခြင်းဟုကြေညာသည်။
၂။ပြင်သစ်တွင်PSGအသင်းချန်ပီယံလိဂ်ဖလားရသဖြင့်ပရိသတ်များညလုံးပေါက်အောင်ပွဲခံရင်းရဲတပ်ဖွဲနှင့်ထိပ်တိုက်တွေ့ရာလူနှစ်ဦးသေဆုံးပြီးရာပေါင်းများစွာအဖမ်းခံရကာကားများမီးရှိဖျက်ဆီးခံရသည်။
၃။အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများယနေ့တွင်သိမ်းပိုက်ခံအနောက်ဖက်ကမ်းခြေသိုလာရောက်မည့်ခရီးစဥ်ကိုအစ္စရေးကတားဆီးပိတ်ပင်လိုက်သည်။
၄။ဂျာမနီထုတ်တားရက်စ်ဒုံးကျည်ဖြင့်ရုရှားကိုတိုက်ခိုက်ပါကဂျာမနီကိုရုရှားကလက်တုန့်ပြန်မည်ဟုကြေညာပြီးနောက်ဂျာမနီသည်တားရက်စ်ဒုံးကျည်များယူကရိန်းသိုမပေးပိုတော့ဟုကြေညာလိုက်သည်။
၅။အီရန်တွင်ထရပ်ကားမောင်းသူများဆန္ဒပြလျက်ရှိသည်။
NOM