15 ပတ် - ဘာသာပြန်ပါ။

ဘိုကလေးမှာ ရေတပ်ဝတ်စုံနဲ့ ဓားပြလာ​တိုက်သူတွေထဲက နှစ်ယောက်ကို ဖမ်းမိ
ဧရာဝတီတိုင်း ၊ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်အရှေ့ရွာရှိ နေအိမ်တအိမ်ကို ရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားလေးယောက်က မေ ၂၉ ရက်နေ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓားပြတိုက်မှုကျူးလွန်သူတွေထဲက နှစ်ယောက်ကိုတော့ သေနတ်အတုတလက်နဲ့အတူ ညတွင်းချင်း ဖမ်းဆီးရမိထားပြီး ကျန်နှစ်ယောက်ကတော့ ဖမ်းဆီးရမိခြင်းမရှိသေး ဘူးလို့သိရပါတယ်။
" ရေတပ်ဝတ်စုံတွေဝတ်ပြီး ဓားပြတိုက်သွားတာ သိန်း ၆၀ ကျော်နဲ့ဖုန်းပါသွားတယ်။ပစ္စည်းတွေကတော့ပြန်ရမရမသိသေးဘူး။နှစ်ယောက်ကတော့သေနတ်နဲ့အတူမိတယ်။သေနတ်က အတုပါ။ဓားပြတိုက်တဲ့အထဲမှာရွာခံပါတယ်သိရတယ်။" လို့ ရဲစခန်းနဲ့ နီးစပ်သူကပြောပါတယ်။
ဓားပြတိုက်မှုဖြစ်စဥ်ကတော့ မေ ၂၉ ရက်နေ့ည ၇ နာရီလောက်မှာ အောက်လှဲဆိပ်အရှေ့ရွာရှိ ဦးထွန်းရီအိမ်ကို ရေတပ်ဝတ်စုံဝတ်ဆင်ထားတဲ့အုပ်စုက လက်နက်ပြခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း ၊ ငွေသားသိန်း ၆၀ ကျော်နဲ့အတူ ဖုန်းလေးလုံး ပါသွားတယ်လို့သိရပါတယ်။
လက်ရှိဖမ်းမိထားတဲ့ ကျူးလွန်သူနှစ်ယောက်ကတော့ ကျိုက်လတ်မြို့နဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ကိုစစ်ဆေးမှုအရ ကျန်နှစ်ယောက်ထဲမှာ တယောက်က အောက်လှဲဆိပ်ရွာကဖြစ်တယ့လို့ ကနဦးသိရပါတယ်။
ကျန်နှစ်ယောက်ကို တက်လက်ဖမ်းဆီးရမိရေးအတွက် လက်ရှိ
မြင်းကကန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နှစ်ယောက်ကို စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ - CJ

image