DA-RK HAR-VEST (2023)
ရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ ဟောလိုးဝင်း ညတိုင်း ပြောင်းခင်းထဲကနေ မကောင်းဆိုးရွားတစ်ကောင် ထလာပြီး ရွာထဲက ဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင် ဝင်တယ်။ အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံး မုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီး တစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို အယူရှိပါတယ်။ ဒါကြောင့် ဟောလိုးဝင်း ရောက်တိုင်း ရွာရဲ့ ၁၈ ပြည့် ကောင်လေးတွေ အကုန်အဲဒီ မကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။ အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာ ရွာကနေ မြိုတက်ဖို ငွေအလုံအလောက်နဲ့ CADILLAC ကားအသစ်တစ်စီးတဲ့အပြင် ကောင်လေးရဲ့ မိဘတွေကိုလည်း အိမ်အကြီးကြီး အသစ်တစ်လုံး ဆုချလေ့ရှိတာမို ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။ အခု ရောက်လာတော့မဲ့ ဟောလိုးဝင်း မှာလည်း အဲဒီလို အမဲလိုက်ဖို ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့ အဲဒီညကြီးရဲ့ ကြောက်စရာ အမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ။
