ကြယ်တံခွန်တွေမှာ Gas Tail နဲ့ Dust Tail ဆိုပြီး အမြီးနှစ်ခု ရှိပါတယ်။ နေကို လှည့်ပတ်ရင်းနဲ့ နေကနေ ထွက်လာတဲ့ လေထုနဲ့ တိုက်မိပြီး ကီလိုမီတာထောင်နဲ့ချီပြီး အရွယ်အစား ကြီးလာတတ်ပါတယ်။
ကမ္ဘာကို ဝင်တိုက်မိခဲ့တယ်ဆိုတဲ့ ကြယ်တံခွန်တစ်ခုဟာ နယူးယောက်မြို့အရွယ်အစားလောက် ရှိပြီး ကမ္ဘာဆီကို ရေထုကြီးတစ်ခု သယ်ဆောင်လာပေးတယ်လို့လဲ ဆိုပါတယ်။
