5 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ဆင်တဲဝချောင်းအတွင်းမျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကိုပြန်လည်ဆယ်ယူ
မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝ ချောင်းရေကျော်နေစဉ် ရေစီးနှင့်မျောပါခဲ့သည့်ခရီးသည်ယာဉ်အား ယနေ့(မေ ၃၀ ရက်) တွင် ပြန်လည်ဆယ်ယူနေကြောင်းသိရသည်။
ယခုမေလ ၂၆ ရက်၊ နံနက်ပိုင်းတွင် ခရီးသည် ၄၀ ကျော်လိုက်ပါလာသည့် အဝေးပြေးခရီးသည်တင် ယာဉ်တစ်စီးသည် မြင်းခြံ-တောင်သာကားလမ်းပိုင်းရှိ ဆင်တဲဝချောင်းသို့ရောက်ရှိစဉ် ရေစီးနှင့်မျောပါ ခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသူခရီးသည် ၄၀ ဦးကိုဒေသခံများက အသက်အန္တရာယ်ထိခိုက်မှုမရှိ အောင် ကယ်တင်လိုက်နိုင်ခဲ့သည်။
တောင်သာမြို့မှဒေသခံတစ်ဦးက "တော်တော်လေးတော့ခက်ခဲပါတယ်။ ရေကတော့ကျသွားပြီ။ ဒါပေမယ့် ကားအထဲမှာရောကားအပြင်မှာရော သဲတွေကိုက်ထားတော့မလွယ်ဘူး။ အခုသဲတွေကို အရင်ဆုံရှင်းပြီး ကားကိုဆွဲတင်ဖို့လုပ်နေပါတယ်" ဟု ပြောသည်။
အဆိုပါဆင်တဲဝချောင်းမှာမိုးရွာသွန်းပါက ရေစီးသန်သောကြောင့် ဒေသခံများပင် သတိပြုသွားလာရ ကြောင်းသိရသည်။
မော်တော်ယာဉ်များပုံမှန်ဖြတ်သန်းသွားလာနေသည့် မြင်းခြံ-တောင်သာ အဝေးပြေးလမ်းမှာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီပိတ်ထားကြောင်း၊ ယခုခရီးသည်တင်ယာဉ် ရေစီနှင့်မျောပါ သွားသည့်လမ်းမှာ မြို့ရှောင်လမ်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
သတင်း - ပိုင်လေး

imageimage