#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ဒါကာသို့ခေါ်ယူထား
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ခေါ်ယူထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မေ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
သံအမတ်ကြီး မိုနိုဝါဟော့ဆိန်းကို ဒါကာမြို့တော်သို့ ချက်ချင်းပြန်လည်လာရောက်ရန် အစိုးရကအကြောင်းကြားထားကြောင်း ဘင်္ဂလားဒေ့ရှိနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ၏ အဆိုအရ သိရသည်။
သံအမတ်ကြီးမိုနိုဝါဟော့ဆိန်းသည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
သံအမတ်ကြီးမိုနိုဝါဟော့ဆိန်းအား ဒါကာသို့ပြန်လည်ခေါ်ယူမှုသည် အစိုးရဆုံးဖြတ်ချက်ဖြင့် ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသော်လည်း အသေးစိတ်ထုတ်ပြောခြင်းမရှိခဲ့ပေ။
အလားတူ သံအမတ်ကြီး မိုနိုဝါဟော့ဆိန်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာသို့ ခေါ်ယူထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပေ။
ရိုက်တာ
