5 ပတ် - ဘာသာပြန်ပါ။

ဒီနှစ်အကုန်ပြောင်းမှာ.. နာမည်လည်း ပြောင်းမှာ 🫠
.
Apple က ဒီနှစ် WWDC မှာ ထူးထူးခြားခြား Software Version အသစ်တွေကို လုံးဝမတူတဲ့ပုံစံနဲ့ မိတ်ဆက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါက iOS အပြင် iPadOS ၊ macOS တွေအပြင် watchOS ၊ tvOS လိုမျိုး Software တွေအကုန်လုံးကို ပုံစံပြောင်းလဲသွားမှာပါ။
အခုနောက်ဆုံး Bloomberg Media မှ Mark Gurman ကနေ Apple က ဒီနှစ်မှာ Software Update အသစ်ကို သုံးရတဲ့ပုံစံတင်မဟုတ်ပဲ နာမည်ကိုပါ လုံးဝ ပြောင်းလဲသွားဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အခုလိုပြောင်းလဲမှာက Apple က ထုတ်လုပ်တဲ့ Product အကုန်လုံးအတွက် Software Version ကို အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ခုနှစ် နံပါတ်ကို ပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ iOS 18 ကနေ iOS 19 ကို ပြောင်းမယ့်အစား iOS 26 ဖြစ်လာမှာပါ။
ဒီလို iOS 26 ဖြစ်ရတာက ၂၀၂၅ မှာ မိတ်ဆက်ပေမယ့် Stable Version ထွက်ရှိမယ့်အချိန်က iPhone မိတ်ဆက်တဲ့အချိန်နောက်ပိုင်း - စက်တင်ဘာလနောက်ပိုင်းမှ ဖြစ်တာကြောင့် ၂၀၂၆ အတွက် ရည်ရွယ်ပြီး iOS 26 လို့ ခေါ်ဆိုမှာဖြစ်ပါတယ်။
iOS 26 လို့ဖြစ်သွားမယ့်အပြင် တခြား macOS ၊ iPadOS ၊ watchOS ၊​ tvOS နဲ့ visionOS တွေအကုန် 26 ဖြစ်မှာပါ။
ပြောရရင် Apple က Device တွေမှာ အသုံးပြုတဲ့ Software Version ကိုကြည့်ပြီး ဘယ်နှစ်အတွက် ထုတ်ပေးထားတယ်ဆိုတာကို တန်းသိနိုင်အောင် Consistent ဖြစ်သွားအောင် ပြောင်းလဲမှာဖြစ်ပါတယ်။​
ဒါက လက်ရှိ iOS 18 ၊ watchOS 12 ၊ macOS 15 ၊ tvOS 18 နဲ့ visionOS 2 ဆိုပြီး တမျိုးစီဖြစ်နေတာဆိုတော့ တစ်ခုတည်း ထွက်တဲ့နှစ်နံပါတ် တစ်ခုတည်းတူသွားတာက ကောင်းတဲ့အချက်လို့ပြောလို့ရတယ်။
ဘာပဲဖြစ်ဖြစ် iOS 19 လို့ မိတ်ဆက်တာနဲ့ iOS 26 ဆိုပြီး မိတ်ဆက်တာ ဘာကို ပို Prefer ဖြစ်ကြလဲ...?​

image