ကော်ဖီခွက် မှောက်တာ ၊ ပိုက်ဆံ ကျပျောက်တာလေးလောက်နဲ့ စိတ်ဆင်းရဲနေရင် တကယ့်လောကဒဏ်ဆိုတာ ဘာလဲလို့ မိသားစုတစ်ခုလုံး ပြိုကွဲပျက်စီးသွားချိန် ၊
တစ်လဝင်ငွေဟာ လုံးလုံး ကိုယ်ထမ်းပိုးထားရတဲ့ တာဝန်တွေအတွက် မလောက်မငှဖြစ်လာချိန်တွေမှာ ပိုသိလိမ့်မယ်တဲ့ ။
ကိုယ်ကတော့ အခုနောက်ပိုင်း စကားတစ်ခွန်းကိုတော်တော်လေးပြောဖြစ်တယ် ။
" လက်ခံလိုက်. . . ."
" ဟုတ်တယ်၊ လက်ခံလိုက် " လို့ ။
ကိုယ့်မှာ အရှက်ရစရာမိသားစုရှိနေလား
" ဟုတ်ပြီ. . . .လက်ခံလိုက် "
ကိုယ့်မှာ ဆိုးသွမ်းတဲ့ သားသမီးတစ်ယောက် ရှိနေလား
" ဟုတ်တယ်၊ လက်ခံလိုက် "
တခြား ကိုယ် ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတွေရှိနေသေးရင်လည်း ရှင်းရှင်းလေး ၊ " အဲ့အရာကို ဒီအတိုင်းပဲလက်ခံလိုက် "
တကယ်တော့ လူတွေ ပင်ပန်းတယ်ဆိုတာ ပြတ်ပြတ်သားသား ဘဝကိုလက်မခံနိုင်ကြလို့တဲ့ ။ ငါ ဒီလိုဖြစ်နေတာ ၊ ဒီလိုကြုံနေတာကြောင့် ငါ့မှာ ဒီပြဿနာတွေရှိနေတာကြောင့် ၊ ပတ်ဝန်းကျင်က ဘယ်လိုပြောမလဲ ၊ ဘယ်လိုမြင်မလဲဆိုတာတွေနဲ့ အလုပ်ရှုပ်နေကြလို့ အဲ့အရာတွေကိုလက်ခံဖို့ခက်ခဲပြီး လိုက်ပြောင်းလဲဖို့ ကြိုးစားနေမိကြတာပဲ ။
နောက်ဆုံးကျတော့ အဲ့အရာတွေက ကိုယ့်ဘဝထဲမှာ တကယ်လည်း ပြောင်းလဲသွားတာ မဟုတ်ဘူးလေ ။
ဒါကြောင့် ကိုယ် မကျူးလွန်ထားတဲ့ ဘဝပေးကိစ္စတွေအတွက် ဖြေရှင်းလို့မရတော့ရင် လူတွေ ဝိုင်းလက်ညိုးထိုးတာခံလာရရင် " ဒီအတိုင်းပဲ လက်ခံလိုက် "
" ဟုတ်တယ်. . . .ငါ့ဘဝက အဲ့အတိုင်းပဲ ၊ နင်တို့ မြင်တဲ့အတိုင်းပဲ ၊ ဘာဖြစ်လဲ ငါ ကျော်ဖြတ်နေတယ် ၊ ငါ့မှာ အဲ့လိုပြဿနာတွေရှိတယ် "
ဒါပဲ. . . . .
ကျန်တာလူတွေ သူတို့ပြောချင်ရာပြောပါစေ
#နေမီကျော်
#ရှင်သန်ခြင်းဓာတ်စာ

image