15 ပတ် - ဘာသာပြန်ပါ။

ဝက်သုံးထပ်သား ဘီယာ ၊ အချိုနှပ်ချက်နည်း
ဘီယာမထည့်လျှင်လဲ ချက်လို့ရပါတယ် ။
ဝဝက်သုံးထပ်သားတွေကို လိုသလိုလှီးဖြတ်ကာ
ရေ ၊ ရှာလကာရည်ထည့်ပြီးပြုတ်ကာ ရေစစ်ထားပါ ။
ချက်မည့်အိုးထဲကို ဂျင်း ၊ ကြက်သွန်မြိတ်ထည့်ကာ
ပြုတ်ထားတဲ့ဝက်သုံးထပ်သားတွေထည့်ပါ ။ ( ပုံပါအတိုင်း )
နာနတ်ပွင့် ၊ ဆား ၊ သကြား ၊ ပဲငံပြာရည်အကြည် ၊ အနောက်
ဘီယာ ( မထည့်လဲရ ) ၊ ရှာလကာရည်အနက် ( ရှိပါက ) ထည့်ကာ
အဖုံးအုပ်ပြီး 45 မိနစ် ( သို့ ) 1 နာရီနီးပါး အဖုံးအုပ်ချက်ပါ ။
ဒါဆိုရင်တော့ ဝက်သုံးထပ်သား ဘီယာ ၊ အချိုနှပ်ချက်ရရှိပါပြီ ။

image
image
image
image