ကြေးအိုး နှင့် ကြေးအိုဆီချက် ချက်နည်း 😋😋......
အိမ်မှာလည်းလုပ်စားလို့ရပြီးနော် လက်စွမ်းပြချင်သူများအတွက် ချက်နည်းလေးမျှဝေလိုက်ပါတယ်။ စားကောင်းကြပါစေ တစ်ဆင့်ချင်းအသေးစိတ်ရေးပြထားတဲ့အတွက် စာရှည်မယ်။ လုပ်စားကြည့်အရမ်းလွယ်တာ 😍
ကြေးအိုးတွင် ပါဝင်ပစ္စည်းများ.....
ဆန်ကြာဇံ ၁ထုပ်
(ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
ဝက်ဒူးဆစ်ရိုး ၄ ချောင်း (ဈေးတွင် ဝယ်ယူနိုင်သည်)
ဝက်အူ ၁၀ ကျပ်သား
(၁ လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)
ဝက်သဲ ၁၀ ကျပ်သား (အရှည် လှီးထားပါ)
ပဲပြား ၁ တုံး (လက်မဝက်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ)
ငုန်းဥ ၁၀ လုံး
(ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပါ)
ကြက်သွန်မြိတ် ၁ စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
မုန့်ညှင်းစိမ်း- ၂ စည်း (ထက်ပိုင်းပိုင်းပါ)
ဟူစိုင် ၁ စည်း (၁ လက်မအရွယ် ပိုင်းဖြတ်ပါ)
ဆား စားပွဲတင်ဇွန်း ၄ ဇွန်း
အချိုမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၆ ဇွန်း
ရေ ၁၀ လီတာ
နှမ်းဆီ အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
မှတ်ချက် ။ ။ Home made ကြေးအိုးမလို့ ပစ္စည်းအဲလောက်စုံအောင်မထည့်လဲရပါတယ်။ အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တဝက်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။
ဝက်သားလုပ်လုပ်နည်း ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ...
ဝက်သား ၄၀ ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
ငါးဖယ် - ၁၅ ကျပ်သား
ကြက်သွန်ဖြူ ၄ မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ဂျင်း စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ဥ ၁ လုံး (ခလောက်ထားပါ)
နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
(ဝက်သားလုံးမာအောင် ငါးဖယ်ထည့်နုယ်ပေးထားပါတယ်)
ငါးဖယ်လုံးလုပ်နည်း ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ...
ငါးဖယ် ၁၀ ကျပ်သား
ကြက်သွန်ဖြူ ၂ မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း စားပွဲတင်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
ဆား လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ဥ အကာ ၁ လုံး (ခလောက်ထားပါ)
ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်နည်း.....
၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ဝက်ဒူးဆစ်ရိုးများကို ထည့်ပြီ ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီ ၂နာရီခန့် တည်ထားပေးပါ။
၂။ ဝက်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ဝက်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ဝက်သား၊ ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ထို့နောက် သမအောင် ဝက်သားများကို ရောနုယ်လိုက်ပါ။
၄။ ပြီနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီ သမအောင် ရောနယ်လိုက်ပါ။
၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။
ကြေးအိုးပြုတ်နည်း.......
၁။ ကြေးအိုး ပြုတ်ရည် တဝက်ခန့်ခန်းသွားပြီး အနေတော်ပြီဆိုလျှင် ဝက်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီးမှ ပြုတ်ရည်ထဲသို့ ဆား (စားပွဲတင်ဇွန်း ၄ ဇွန်း)၊ သကြား (စားပွဲတင်ဇွန်း ၆ ဇွန်း)၊ အချိုမှုန့် (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပေးပါ။
၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီမှ ဝက်အူများကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။
၃။ ဝက်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ဝက်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။
၄။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။
၅။ ပြီမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။
၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ဝက်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
ရ။ ကြေးအိုး တခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။
၈။ ပြီမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ဝက်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။
၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော Homemade ကြေးအိုးကို သုံးဆောင်လို့ရပါပြီ
ကြေးအိုး ဆီချက် လုပ်နည်း.....
၁။ ကြေးအိုးဆီချက်အတွက် ခွက်တစ်ခုထဲတွင် ကြေးအိုးပြုတ်ရည်ထဲ စိမ်ပြီ ပြန်ဆယ်ထားသော ကြာဇံများကို ထည့်လိုက်ပါ။
၂။ ပြီမှ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ အချိုမှုန့်(စားပွဲတင်ဇွန်း တဝက်)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဝက်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။
၃။ ထို့နောက် ဝက်သားလုံး၊ ငါးဖယ်လုံး၊ ငုန်းဥ၊ ပဲပြား၊ ဝက်အူ၊ ဝက်သဲ၊ မုန့်ညှင်းစိမ်း၊ ဟူစိုင်၊ ကြက်သွန်မြိတ်၊ ဆီချက်တို့ကို ထည့်ပြီ ရောနုယ်ပေးပါ။
၄။ အရသာရှိသော ကြေးအိုးဆီချက်ကို ကြေးအိုးပြုတ်ရည် ပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီးနော်
ပြန်လည်မျှဝေပါသည်။
#ကြေးအိုးဆီချက်

image