15 ပတ် - ဘာသာပြန်ပါ။

Ultron ရဲ့ မိန်းမဖြစ်သူ Jocasta ပါဝင်လာမယ့် Vision Series
Marvel Studios က WandaVision Series ရဲ့ အဆက်ဖြစ်တဲ့ Vision ကို ဆက်လက်လုပ်ဆောင်နေပြီး သရုပ်ဆောင် T’Nia Miller က Ultron ရဲ့ မိန်းမဖြစ်လာမယ့် Jocasta နေရာကနေ ပါဝင်ရုပ်ဆောင်မယ်လို့ သိရပါတယ်။
Deadline ရဲ့ ဖော်ပြချက်အရ Miller ဒီ Series မှာ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်လာမှာဖြစ်ပြီး Paul Bettany နဲ့အတူ သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Paul Bettany ကတော့ Vision နေရာကနေပဲ သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။
ဒီ Series က WandaVision ရဲ့ အဖြစ်အပျက်တွေအပြီး ဆက်လက်ဖြစ်ပေါ်မယ် အကြောင်းဖြစ်ဖို့များပြီး Vision က သူ့ရဲ့ ပြိုကွဲနေတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်စုစည်းရင်း လူသားဖြစ်ခြင်းရဲ့ အဓိပ္ပါယ်ကို ပြန်ရှာဖွေမယ်လို့ ထင်မိပါတယ်။
Jocasta ကတော့ Marvel မှာ ကိုယ်ပိုင် Story တစ်ခုရှိတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကို ၁၉၇၇ ခုနှစ် Avengers #162 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Jocasta ဟာ Ultron က ဂျန်နက် ခေါ်( Wasp) ရဲ့ ဦးနှောက်ပုံစံတွေကို အခြေခံပြီး ဖန်တီးထားတဲ့ စက်ရုပ်ဖြစ်ပါတယ်။
Comic ထဲမှာတော့ Jocasta က သူမရဲ့ ပရိုဂရမ်ကို ဆန့်ကျင်ပုန်ကန်ပြီး Avengers ဘက်ကို ပူးပေါင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ ကိုယ်ပိုင်အထောက်အထားကို ရှာဖွေရင်း ပိုမိုလူသားဆန်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီ Series ရဲ့ ဇာတ်ကောင်အညွန်းမှာတော့ Jocasta ကို “လှည့်စားတတ်တယ်၊ အင်အားကြီးတယ်၊ ဆုံးဖြတ်ချက်ပြတ်သားတယ်၊ ပြီးတော့ ကလဲ့စားချေလိုစိတ်နဲ့ တွန်းအားပေးခံရတဲ့ စက်ရုပ်” လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိမှာ Jocasta က MCU ထဲမှာ Ultron ဖန်တီးထားတာလား ဒါမှမဟုတ် Vision ကနေပဲ တစ်ဆင့် ပြန်ဖန်တီးမလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။
ဒါ့အပြင် James Spader က Ultron အဖြစ် ပြန်လည်ပါဝင်လာမယ်ဆိုတဲ့ သတင်းက ဒီဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းစေပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းမှာ Todd Stashwick၊ Ruaridh Mollica နဲ့ ပထမဆုံး Iron Man ထဲက Raza အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Faran Tahir တို့လည်း ပါဝင်မှာပါ။
လက်ရှိမှာတော့ Vision Series နဲ့ပတ်သက်ပြီး ဘယ်တော့ ထုတ်မယ်ဆိုတာတော့ မသိရသေးပေမယ့် Marvel ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်လာဦးမှာပါ။

image