15 ပတ် - ဘာသာပြန်ပါ။

DC Studios မှာ အကြီးအကဲဖြစ်တော့ Marvel ရဲ့ ဥက္ကဋ္ဌ Kevin Feige ကို ပထမဦးဆုံး ဖုန်းဆက်ပြောခဲ့တဲ့ James Gunn
James Gunn ကတော့ Marvel ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေနဲ့ နာမည်ရခဲ့သူပါ။ လက်ရှိမှာတော့ DC Studio ရဲ့ ပူးတွဲဥက္ကဋ္ဌနဲ့ CEO ရာထူးမှာလုပ်ကိုင်နေသူဖြစ်ပါတယ်။
သူက DC Studios ရဲ့ CEO အဖြစ် စတင်လက်ခံလိုက်တဲ့အခါ Marvel Studios ရဲ့ ဥက္ကဋ္ဌ Kevin Feige ကို ဖုန်းဆက်ပြီး သူ့ရဲ့ အရင်ဆရာ၊ အရင်သူဌေးတွေကို ဂုဏ်ပြုခဲ့တာပါ။
Peacemaker ပြီးသွားတော့ Guardians 3 ကို ဆက်ရိုက်တယ်။ အဲဒီနောက် Peacemaker ကို ပြန်လုပ်ဖို့ ပြင်နေတဲ့အချိန်မှာ DC ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခံရတယ်” လို့ Gunn က Entertainment Weekly နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ “အဲဒီရာထူးရလိုက်တဲ့ အချိန်မှာ ကျွန်တော် ဖုန်းအနည်းငယ်ဆက်ခဲ့ပါတယ်။ ပထမဆုံးကတော့ Kevin Feige စီကို ဆက်ပြီး ‘ငါ DC ရဲ့ အကြီးအကဲအဖြစ် လက်ခံလိုက်ပြီ’ လို့ ပြောခဲ့တယ်။”
ဒုတိယဖုန်းကတော့ John Cena ကို ဆက်ခဲ့တာပါ။ ‘ငါ ဒီရာထူးကို ရလိုက်ပြီ၊ Peacemaker ကို ဆက်လုပ်ချင်ပေမယ့် ခဏတော့စောင့်ရမယ်။ Superman ကို အရင်လုပ်ရမယ်’ လို့ ပြောခဲ့တယ်” လို့ Gunn က Peacemaker ရဲ့ ပထမနဲ့ ဒုတိယ Season ကြား အချိန်ကြာကြာ နားလိုက်ရတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
Gunn အတွက်ကတော့ DC Universe အသစ်ကို ပြန်တည်ဆောက်ရာမှာ အနည်းငယ် ခက်ခဲခဲ့တာတွေရှိခဲ့ပါတယ်။ Creature Commandos ဟာ DC Studios ရဲ့ ပထမဆုံး တရားဝင်ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး Superman ကတော့ Gunn ရဲ့ ဦးဆောင်မှုအောက်မှာ ပထမဆုံး ကြီးမားတဲ့ ရုပ်ရှင်ကားကြီးဖြစ်လာမှာပါ။ ဒါ့အပြင် သူ့ရဲ့ လူကြိုက်များတဲ့ DC Series ဖြစ်တဲ့ Peacemaker ရဲ့ Season 2 ကိုလည်း အပြည့်အဝ အာရုံစိုက်ပြီး လုပ်ကိုင်နေပါတယ်။
အခု Superman ဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ရုံတင်ဖို့ ပြင်ဆင်နေပြီး Peacemaker Season 2 ကတော့ ဩဂုတ် ၂၁ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

image