15 ပတ် - ဘာသာပြန်ပါ။

အခုချိန်မှာ အားလုံးရဲ့အာရုံဟာ DCU အသစ်ရဲ့ ပထမဆုံး ရုပ်ရှင် Superman ပေါ်မှာ ရှိနေပေမယ့် James Gunn ဟာ လာမယ့် Peacemaker Season 2 မှာ ဧည့်သည်သရုပ်ဆောင်တွေ အများကြီး ပါဝင်မယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။
DC ရဲ့ အကြီးအကဲဖြစ်တဲ့ Gunn ရဲ့ ပြောပြချက်အရ Peacemaker Season တစ်ခုနဲ့ တစ်ခုကြား အချိန်အကြာကြီးခြားထားရတာက ဒီဇာတ်လမ်းကို DCU ထဲ သဘာဝကျကျ ထည့်ဖို့ လုပ်နေခဲ့တာလို့ဆိုပါတယ်။ “ကျွန်တော် ဇာတ်လမ်းကို တခြား DC Project တွေနဲ့ တွဲပြီး တစ်လျှောက်လုံး ဖန်တီးနေခဲ့တာပါ။ ဒါကြောင့် အခုလာမယ့် Peacemaker ဟာ Superman နဲ့ အများကြီး ဆက်စပ်နေပြီး နောက်ထွက်လာမယ့် အရာတွေနဲ့လည်း ဆက်နွယ်နေတယ်” လို့ Gunn က Entertainment Weekly ကို ပြောခဲ့ပါတယ်။
ကျွန်တော့်မှာ ဘာလုပ်မယ်ဆိုတဲ့ အကြမ်းဖျင်း အိုင်ဒီယာရှိခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့ Show က စဥ်းစားထားတာထက် တော်တော်လေး ကွဲပြားသွားတယ်” လို့ သူက ထပ်ပြောပါတယ်။
Peacemaker Season 2 ရဲ့ ပထမဆုံး Trailer ထဲမှာဆိုရင်လည်း Superman ထဲက Green Lantern Guy Gardner၊ Hawkgirl နဲ့ Maxwell Lord တို့ကိုလည်း မိတ်ဆက်သွားပါသေးတယ်။ ဒါ့အပြင် Peacemaker Season 2 ရဲ့ နောက်ဆုံး အပိုင်းနားမှာ အားလုံးမထင်ထားတဲ့ ဇာတ်ကောင်ကို တွေ့ရမယ်လို့ James Gunn က ပြောခဲ့ပါတယ်။
Peacemaker Season 2 ရဲ့ ဇာတ်လမ်းကလည်း James Gunn ပြောပြရသလောက်ဆိုရင် Peacemaker ဟာ စူပါဟီးရိုးအသိုင်းအဝိုင်းထဲမှာသူ့ကို လက်ခံလာဖို့ ရုန်းကန်နေရတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ဆိုပါတယ်။
Peacemaker Season 2 ကတော့ လာမယ့် ၂၀၂၅ ဩဂုတ် ၂၁ ရက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။

image