Adolescence ကတော့ Stranger Things ရဲ့ Season 4 ရဲ့ ကြည့်ရှုမှုနှုန်းကို ဖြတ်ကျော်ဖို့ သိပ်မလိုတော့ဘူးလို့ သိရပါတယ်။
ဒီ Series ဟာ ထုတ်လွှင့်ပြီး ၇၆ ရက်အတွင်း ကြည့်ရှုမှု ၁၄၀.၂ သန်းရရှိထားပါတယ်။ ပုံမှန်အားဖြင့် ‘ပထမဆုံးထွက်ရှိချိန်’ ကို ထုတ်လွှင့်ပြီး ၉၁ ရက်အထိ သတ်မှတ်ကြပြီး အဲဒီအချိန်မှာ Stranger Things Season 4 က ကြည့်ရှုမှု ၁၄၀.၇ သန်းရရှိနေတာပါ။ ဒါကြောင့် Adolescence ဟာ နောက်ထပ် ၅၀၀,၀၀၀ ကြည့်ရှုမှုရမှသာ Stranger Things ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
ဒီလိုအောင်မြင်မှုကြီးရှိပေမယ့် ထိပ်ဆုံးနေရာကိုတော့ ရဖို့မလွယ်ပါဘူး။ အခုချိန်မှာ Addams Family ရဲ့ ဆက်လက်ထွက်ရှိလာမယ့် Wednesday က ကြည့်ရှုမှု ၂၅၂ သန်းနဲ့ သိမ်းပိုက်ထားပြီး တောင်ကိုရီးယားရုပ်ရှင်ဖြစ်တဲ့ Squid Game Season 1 တို့က ကြည့်ရှုမှု ၂၆၅ သန်း နဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
Adolescence မှာ Ashley Waters၊ Erin Doherty၊ Owen Cooper နဲ့ Stephen Graham တို့ သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ၁၃ နှစ်အရွယ် Jamie ဆိုတဲ့ ကောင်လေးတစ်ယောက် သူ့အတန်းဖော် Katie Leonard ကို သတ်မှုနဲ့ ဖမ်းဆီးခံရရာက စတင်ထားပါတယ်။
မတ်လ ၃၁ ရက်နေ့မှာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဒီစီးရီးကို အလယ်တန်းကျောင်းတွေမှာ အခမဲ့ကြည့်ရှုခွင့်ပေးဖို့ ကြေညာခဲ့ပါတယ်။ ဒါက အွန်လိုင်းဘေးကင်းရေး၊ လွဲမှားနေတဲ့ ယောကျ်ားပီသမှုနဲ့ အနိုင်ကျင့်မှုတွေအကြောင်း ဆွေးနွေးမှုတွေကို လှုံ့ဆော်ပြီး အသိပညာမြှင့်တင်ဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
Adolescence ကတော့လက်ရှိမှာ Netflix မှာ ထုတ်လွင့်ပြသနေပြီး Rating 8.2/10 ရထားပါတယ်။
