ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက် ဟားမတ်စ် ပယ်ချ
ဂါဇာစီးတီး၊ မေ-၃၀-၂၀၂၅

ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ ဓါးစာခံတွေပြန်လွှတ်ရေး သဘောတူညီချက်သစ်အတွက် အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ပယ်ချကြောင်း ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်သံတမန် စတိဗ်ဝစ်အော့ဖ်ရဲ့ အပစ်ရပ်ရေးအစီအစဉ်ကို အစ္စရေးက လက်မှတ်ထိုး သဘောတူခဲ့ပြီး ဟားမတ်စ်ဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့နေ့မှာ ပြောဆိုထားပါတယ်။
အဆိုပါပြုချက်မှာတော့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဂါဇာမှာ ကျန်ရှိနေတဲ့ ဓါစားခံ ၁၈ ယောက်နဲ့ သေဆုံးဓါးစာခံ ၁၈ ယောက်တို့ကို အဆင့်နှစ်ဆင့်နဲ့ လွှဲပြောင်းပေးဖို့တွေ ပါဝင်တယ်လို့ အစ္စရေးသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီအဆိုပြုချက်ဟာ စစ်ပွဲအဆုံးသတ်ခြင်းအပါအဝင် အဓိကတောင်းချက်တွေနဲ့ မကိုက်ညီကြောင်းနဲ့ ဒါကို အချိန်မီတုံ့ပြန်သွားမယ်လို့ ဟားမတ်စ် တာဝန်ရှိသူက ပြောပါတယ်။ အစ္စရေးအစိုးရကတော့ ဒီကိစ္စကို မှတ်ချက်မပေးသေးပါဘူး။
အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ရရှိခဲ့တဲ့ နှစ်လကြာအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနာက် အစ္စရေးဟာ ဂါဇာကို အလုံးစုံပိတ်ဆို့ထားကာ ဟားမတ်စ်တို့အပေါ် ထိုးစစ်ဆင်မှုတွေကို မတ် ၁၈ ရက်မှာ ပြန်လည်စတင်ခဲ့ပါတယ်။
အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၁၀ ပတ်အတွင်း ဂါဇာမှာ လူပေါင်း ၄၀၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် လူခြောက်သိန်း ထပ်မံပြောင်းရွှေ့ခဲ့ရပြီး လာမယ့်လတွေအတွင်း လူရှစ်သိန်းလောက် အငတ်ဘေးဆိုက်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
Ref:BBC

image