15 ပတ် - ဘာသာပြန်ပါ။

မုန်တိုင်းငယ်မှာ မြန်မာဘက်သို့ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်သော်လည်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၂၉ ရက်) မွန်တည့် ၁၂ နာရီတွင်ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်၌ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ မြောက်ဘက်သို့ရွေ့လျားကာ၊ ပိုမိုအားကောင်းလာနိုင်သောကြောင့် လာမည့် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် လာမည့်ဇွန် ၂ ရက်အထိ တိုင်းနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး

imageimage