ကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ကျောင်းသားများ၏ ဗီဇာများကို "ပြင်းပြင်းထန်ထန်" ရုပ်သိမ်းမည်ဟု ပြော
အမေရိကန်ပြည်ထောင်စုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်နေသည့် သိုမဟုတ် အထိခိုက်မခံနိုင်သောအရေးကြီးပညာရပ် နယ်ပယ်များတွင် သင်ကြားနေသည့် တရုတ်ကျောင်းသားများ၏ ဗီဇာများကို "ပြင်းပြင်းထန်ထန်" ရုပ်သိမ်းသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် ရူဘီယိုက "ကျွန်ုပ်တိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်မှ လာရောက်သည့် ဗီဇာလျှောက်ထားမှုအားလုံးကို ပိုမိုတင်းကျပ်စွာ စိစစ်ရန် ဗီဇာစည်းမျဉ်းများကိုလည်း ပြန်လည်ပြင်ဆင်သွားမည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံပြီးနောက် အမေရိကန်ရှိ နိုင်ငံခြားကျောင်းသားများ၏ ဒုတိယအများဆုံး မူလနိုင်ငံဖြစ်သည်။ အိန္ဒိယသည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဦးဆောင်နေရာသို ရောက်ရှိခဲ့သည်။
NOM