15 w - Translate

ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာအနားယူရင်း ကြည့်ဖို
ခရစ္စမတ်ကားလေးတစ်ကား ပရိသတ်ကြီးတိုဆီ ယူဆောင်လာပါပြီ။
ဇာတ်ကားနာမည်လေးကတော့ The Nightmare Before
Christmas ဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ်က ထွက်ရှိထားခဲ့တာပါ။
Walt Disneys က ထုတ်လုပ်တာဖြစ်ပြီးတော့ ဝင်ငွေ
သန်း ၁၀၀ ကျော်ရရှိထားတာ ဖြစ်ပါတယ်။ Rating တွေအရလည်း
iMDB မှာ 7.9/10 နဲ့ Rotten Tomatoes 95% ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ‌ပြောပြရရင်တော့ ဟော်လိုဝင်းလိုခေါ်တဲ့
မြိုလေးက လူတွေကို ခြောက်လှန့်တဲ့ သရဲတစ္ဆေတွေ နေတဲ့မြိုလေးပါ။
အဲဒီမြိုမှာ ဂျက်လိုခေါ်တဲ့ ဖရုံသီးဘုရင် ရှိပါတယ်။ သူက တစ်မြိုလုံးရဲ့
အလေးစားခံပုဂ္ဂိုလ်လိုပဲ ဆိုပါတော့။ သူက လူတွေကို ခြောက်လှန့်ရတာ
ငြီးငွေ့နေခဲ့တယ်။ သူ့စိတ်ထဲမှာ အဓိပ္ပာယ်ရှိတာတစ်ခုခုကို တောင့်တ
နေခဲ့တာပေါ့။ ဟော်လိုဝင်းပွဲအပြီးမှာ သူက စိတ်ညစ်ညစ်နဲ့
လျှောက်သွားရင်း သူ မသိတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါတယ်။
အဲဒီကနေမှ ခရစ္စမတ်သစ်ပင်ပုံ တံခါးထဲကျသွားပြီးတော့ တခြား
မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တာပါ။ အဲဒီနေရာက
ခရစ္စမတ်နယ်မြေဖြစ်ပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနေရာနဲ့ အစစ
အရာရာ ကွာခြားနေခဲ့ပါတယ်။ ဒါကို ဂျက်တစ်ယောက် သဘောတွေ
ကျသွားပြီးတော့ သူ့ရဲ့ ဟော်လိုဝင်းနယ်မြေမှာ ခရစ္စမတ်ဖန်တီးဖို
လုပ်ပါတော့တယ်။ ဆိုတော့ ဂျက်တို သရဲတစ္ဆေတွေက ခရစ္စမတ်ကို
ဖန်တီးနိုင်ပါ့မလား၊ ဘယ်လိုအလွဲတွေဖြစ်ကြမလဲ၊ သူတိုအမွှေဇယား
ထဲမှာ ဆန်တာကလော့စ်က ဘယ်လိုပါဝင်ပတ်သက်နေရမလဲဆိုတာ
ကိုတော့ ပရိသတ်ကြီးတိုကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါ။
အချိန်ကုန်ရကျိုးနပ်မှာဖြစ်တဲ့အပြင် အခုလို ခရစ္စမတ်ရာသီမှာ အိမ်က
မိသားစုတွေနဲ့အတူ ကြည့်ကိုကြည့်သင့်တဲ့ ကာတွန်းကားလေးတစ်ကား
ဖြစ်ကြောင်း အားလုံးကြည့်ကြဖို recommend ပေးလိုက်ပါတယ်နော်။

The Nightmare Before Christmas (1993) 

ဇာတ်ကားလင့်
https://t.me/c/2186686827/393

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image