15 ပတ် - ဘာသာပြန်ပါ။

ကိုယ်အားပေးတဲ့မန်ယူအသင်းနဲ့ကစားခွင့်ရတဲ့အပြင် ဂိုးပါသွင်းခွင့်ရခဲ့တော့ ကိုယ့်ကိုကိုယ်အရမ်းဂုဏ်ယူမိတယ် မဖြစ်နိုင်တာမရှိပါဘူး မဖြစ်သေးတာပဲရှိတာပါ မဖြစ်သေးတာကိုဖြစ်လာအောင်ကြိုးစားခွင့်ရှိပါတယ် ဖလားကိုကိုင်လိုက်ရတဲ့အချိန်မှာ ခံစားချက်ကအရမ်းကောင်းတယ် ဘာလို့လဲဆို တဖက်အသင်းကမန်ယူဖြစ်နေလို့၊ လောလောဆယ်တော့ကမ်းလှမ်းမှုတွေမရှိသေးပါဘူး မန်ယူအသင်းခေါင်းဆောင် ဘရူနိုဆီကဂျာဆီလက်ဆောင်တော့ရခဲ့တယ် လေ့ကျင့်ချိန် ၂ ရက်ပဲရခဲ့ပေမယ့် မန်ယူအသင်းကို ဂိုးသွင်းအနိုင်ရခဲ့လို့ တစ်ကမ္ဘာလုံးကကျွန်တော်တို့အသင်းကိုဝိုင်းချီးကျူးကြတယ် ကျွန်တော့မိဘတွေအတွက်ရော ကျွန်တော့တို့နိုင်ငံအတွက်ရော အားပေးနေတဲ့ပရိတ်သတ်တွေအတွက်ရော ဂုဏ်ယူပါတယ်၊ ကျွန်တော်အခုလိုမျိုးဖြစ်လာတာ အမေ့ကျေးဇူးတွေအများကြီးပါတယ် အမေ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးလို့ပြောလာတဲ့ မန်ယူအသင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား မောင်မောင်လွင်

image