2025 မှာ 60Hz နဲ့ရောင်းလည်း နံပါတ် (၁) ပဲ 🫨
.
Counterpoint Research ကနေ ဒီနှစ် ၂၀၂၅ ရဲ့ ပထမဆုံး (၃) လပါတ်ကာလအတွက် တကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံးဖုန်း (၁၀) လုံးကို ကြေညာလိုက်ပါတယ်။
ဒီနှစ်လည်း မနှစ်ကအတိုင်းပဲ Apple iPhone တွေက အရောင်းရဆုံးဖုန်း (၁၀) လုံးမှာ (၅) လုံးကို နေရာယူထားတယ်။ အရောင်းရဆုံးဖုန်းက iPhone 16 ဖြစ်နေပြီး ဒုတိယနေရာမှာ iPhone 16 Pro Max ၊ တတိယနေရာမှာ iPhone 16 Pro တွေက အသီးသီးနေရာယူထားကြတယ်။
အဲ့အောက်မှာမှ အရှေ့တစ်နှစ်က Base iPhone - iPhone 15 က စတုတ္ထနေရာမှာရှိနေတယ်။ ပြီးမှာ Samsung Galaxy A16 5G | A06 နဲ့ Galaxy S25 Ultra ဖုန်းတွေက နံပါတ် (၅) ၊ (၆) ၊ (၇) အသီးသီးရှိနေတယ် - ထူးခြားတာက မနှစ်က Galaxy S24 Ultra က Budget A Series ဖုန်းတွေကို ကျော်ပြီး နံပါတ် (၅) နေရာရောက်ခဲ့ပေမယ့် ဒီနှစ်က နံပါတ် (၇) နေရာကို ရောက်သွားတာပဲ။
ပြီးတော့မှ နံပါတ် (၈) နေရာမှာ Xiaomi Redmi 14C 4G Budget ဖုန်းက နေရာယူထားတယ်။ ဒီနှစ်မှ Xiaomi က Top 10 ဝင်လာတာပဲ။
နံပါတ် (၉) နေရာမှာ Samsung Galaxy A55 5G နဲ့ နံပါတ် (၁၀) နေရာမှာ iPhone 16 Plus ရှိနေတယ်။ ထုံးစံအတိုင်း Apple က ဘယ်လိုပဲထုတ်ထုတ် ထွက်ခဲ့တဲ့ iPhone (၄) လုံးစလုံး Top 10 ဝင်နေဆဲပဲ။
နောက်ထပ်ထူးခြားတာတစ်ခုက 2025 မှာ ဘယ်လိုမှ ဝယ်ဖို့မတန်တဲ့ဖုန်း - iPhone 16e က ဝယ်တဲ့သူတွေအရမ်းများနေတာပဲ။ ဒီနှစ် မတ်လ မှာ မိတ်ဆက်ခဲ့လို့ တစ်လပဲ အချိန်ရတာကြောင့် Top 10 ထဲမပါသေးပေမယ့် မတ်လ အတွင်း တကမ္ဘာလုံးအရောင်းရဆုံးဖုန်းတွေထဲမှာ iPhone 16e က နံပါတ် (၆) နေရာကို ယူထားတယ်လို့ ဆိုထားတယ်။
အဲ့တော့ iPhone 16e ကို ဘယ်လိုပဲ မဝယ်သင့်ဘူးပြောပြော.. နောက်တစ်ခါ ဒုတိယ (၃) လပါတ်တာ ကာလ အရောင်းရဆုံးဖုန်းတွေထဲမှာ Top 10 တောင် ဝင်လာလောက်ပြီ။
ဒါတောင် မနှစ်က iPhone 16 Series က ဘာမှ ပုံစံသိပ်မပြောင်း၊ 60Hz နဲ့ပဲ မိတ်ဆက်ခဲ့တာတောင် အရောင်းရဆုံးဖြစ်နေတုန်းဆိုတော့ ဒီနှစ် iPhone 17 Pro Series တွေလည်း ပုံပြောင်းမယ်၊ iPhone 17 Air လည်းထွက်မယ်၊ Base Model iPhone 17 ပါ တကယ် 60Hz ကနေ 120Hz ဖြစ်လာမယ်ဆိုရင် နောက်နှစ် ဘယ်လောက်တောင် ပိုရောင်းရဦးမလဲပဲ 🫥
