ChatGPT Plus ကို တစ်တိုင်းပြည်လုံး free ပေးထားတဲ့ နိုင်ငံ
ကမ္ဘာပေါ်မှာ ChatGPT Plus ကို လူတိုင်း free သုံးနိုင်တာ ဒီနိုင်ငံပဲ ရှိပါတယ်။
အဲ့ဒါကတော့ အရှေ့အလယ်ပိုင်းက သူကြွယ်နိုင်ငံ ယူအေအီးပါပဲ။ ယူအေအီးဟာ တစ်လ ဒေါ်လာ ၂၀ ပေးရတဲ့ ChatGPT ရဲ့ ပရီမီယမ်ဗားရှင်းကို တစ်နိုင်ငံလုံး free ပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အခုက OpenAI နဲ့ ယူအေအီးအစိုးရအကြား ဗျူဟာမြောက်ပူးပေါင်းမှုကနေ ပေါ်ပေါက်လာတာပါ။ ChatGPT Plus ကို တစ်နိုင်ငံလုံး free ပေးသုံးတာက စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိပါသေးတယ်။
OpenAI ရဲ့ OpenAI for Countries ဆိုတဲ့ စီမံကိန်းက ခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ AI Infra ထောင်ပေးမယ့် စီမံကိန်းအထိ သွားမှာပါ။ OpenAI နဲ့အတူ Oracle , Nvidia , Cisco , SoftBank , G42 စတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေကလည်း ဒီလို AI အခြေခံအဆောက်အဦပိုင်းတွေ တည်ဆောက်ပေးကြမှာပါ။
ယူအေအီးမှာတောင် ဒီကုမ္ပဏီကြီးတွေက ဧရာမ AI computing center တစ်ခု တည်ဆောက်ဖို့ လုပ်နေကြပါတယ်။ ဒီပရောဂျက်ကို Stargate UAE လို့ နာမည်ပေးထားပြီး ပထမအဆင့်အနေနဲ့ မဂ္ဂဝပ် ၂၀၀ က နောက်နှစ်ထဲ အဆင်သင့်ဖြစ်တော့မှာပါ။ ဒီပရောဂျက်က နောက်ဆုံးမှာ ၁ ဂီဂါဝပ်အထိ ထွက်ဖို့ စီမံကိန်းချထားတာပါ။
AI ဘက် ငွေကြေးပုံအော သုံးလာတဲ့ ယူအေအီးဟာ အမေရိကန်ရဲ့ Stargate စီမံကိန်းမှာလည်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။
