15 ပတ် - ဘာသာပြန်ပါ။

ရေဘဝဲ တွေဟာ ကျောရိုးမဲ့သတ္တဝါတွေထဲမှာ ထူးခြားပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းကြတဲ့ သတ္တဝါတွေဖြစ်ပါတယ် သူတို့မှာ ရှုပ်ထွေးတဲ့ ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်း ဥပမာ - အစားအစာရဖို့အတွက် ပုလင်းတွေဖွင့်တာလိုမျိုး ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုပုံ နဲ့ သူတိုရဲ့ ထူးခြားတဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မကြာခဏ ပြသလေ့ရှိပါတယ်။
သူတို့ရဲ့ ဖျတ်လတ်တဲ့ လက်တံတွေ၊ အဆင့်မြင့် အာရုံကြောစနစ်နဲ့ အားကောင်းတဲ့ မှတ်ဉာဏ်တွေက ကျောရိုးရှိသတ္တဝါအများစု မလုပ်ဆောင်နိုင်တဲ့ အလုပ်တွေကိုတောင်လုပ်ဆောင်နိုင်ပါတယ်။
အချို့ကိစ္စတွေမှာဆိုရင် ရေဘဝဲ တွေဟာ သူတို့ရဲ့ စူးစမ်းတတ်တဲ့စိတ်၊ လိုက်လျောညီထွေနေထိုင်နိုင်စွမ်းနဲ့ ပတ်ဝန်းကျင်ကို ကျွမ်းကျင်စွာ လှည့်ပတ်သွားလာနိုင်တဲ့ ဉာဏ်ရည်ထက်မြက်မှုကို ပြသရင်း ပိတ်လှောင်ထားတဲ့ နေရာတွေကနေ တောင် လွတ်မြောက်အောင် ထွက်ပြေးတာကို တွေ့ရှိခဲ့ရပါတယ်။
#knowledge #ဗဟုသုတ

image