15 w - Translate

မီမီ - အမှောင်ထုရဲ့ မင်းသားငယ် (၂၀၂၄)

IMDb - 6.1/10
Genre - Horror

ဒရာကူလာ ဆိုတဲ့ နာမည်နဲ့ ဗမ့်ပိုင်းယား ဒဏ္ဍာရီ ဇာတ်လမ်းတွေဟာ ရှေးယခင်ကတည်းက ယုံကြည်သူတွေရော မယုံကြည်သူတွေပါ ရှိခဲ့တဲ့ အကြောင်းတွေပါ။ ဒီဇာတ်ကားမှာတော့ ဆယ်ကျော်သက်လူငယ်နှစ်ဦးရဲ့ ရင်ခုန်သံစီးချက်တွေနဲ့အတူ ဒီဒဏ္ဍာရီ အကြောင်းကို ယှဉ်တွဲ တင်ဆက်ထားတာ ဖြစ်ပါတယ်။ အီတလီနိုင်ငံ နပိုလီမြိုလေးရဲ့ လမ်းသွယ်တစ်ခုထဲမှာ မိဘမဲ့ဆယ်ကျော်သက်ကောင်လေး မီမီ ဟာ ပီဇာမီးဖို အပူငွေ့တွေ ကြားထဲမှာ ဘဝကို ရုန်းကန်နေပါတယ်။ သူဟာ မွေးလာကတည်းက ခြေထောက်ပုံစံ မူမမှန်တာကြောင့် ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံ ဖယ်ကျဉ်ခံခဲ့ရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်ညမှာ ကာမီလာ ဆိုတဲ့ ဆယ်ကျော်သက် အိမ်ပြေးကောင်မလေး တစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကာမီလာ က သူ့ကိုယ်သူ မြိုစား ဒရာကူလာ ရဲ့ မျိုးဆက်လို ယုံကြည်ထားပြီး သူမရဲ့ နူးညံ့ပြီး လွတ်လပ်တဲ့ စိတ်ထားက မီမီ ကို အရူးအမူး စွဲလမ်းစေခဲ့ပါတယ်။ သူတိုနှစ်ဦးအတူ လူ့ပတ်ဝန်းကျင်ကို စွန့်ခွာပြီးတော့ လျှိဝှက်စွန့်စားမှုတွေ ပြည့်နေတဲ့ ခရီးရှည်ကို စတင်ဖို ဆုံးဖြတ်လိုက်တဲ့ အချိန်မှာတော့ ။

image