မြန်မာတွေရဲ့ အရင်တုန်းက Animation ဇာတ်ကားတွေကို သွားတော့ မရှုပ်စေချင်ဘူး။
ဘာကြောင့်လဲဆိုတော့ Copy Character တွေ Copy Story တွေပါတာတောင် ကျွန်တော်တို့ရင်ထဲကို ရောက်အောင် ပို့ပေးခဲ့တဲ့ Animation တွေက အခုထိ ကြည့်ကောင်းနေတုန်းမို့လို့ပါပဲ။
အကြိုက်ဆုံးဆိုရင် ဖြူစောထိီးမင်းနဲ့ သတ္တဝါကြီးတွေချတဲ့ဟာဆိုရင် တော်တော်လေးမိုက်တယ်လို့ပြောရမယ်။ စီးချင်းထိုးတာတွေ အနော်ရထာတို့လို Character Animation တွေက အိန္ဒိယဘက်ရောက်တဲ့ Look ရောက်တယ်ဆိုပေမယ့် ကြည့်လို့ကောင်းပါတယ်။ ဖြူစောထီးမင်းရဲ့ Story ကတော့ သဘောကျတဲ့ထဲပါပါတယ်။
နောက်ထပ် သဘောကျတဲ့ Animation ဆိုရင် ဦးစိတ်တိုနဲ့ မျောက်ညိုပါ။ ဒီ Aniamtion ခေတ်ကိုသာ မှီရင် မိတ်ဆွေဟာ လူလတ်ပိုင်းအရွယ်ကို ရောက်နှင့်နေလောက်ပြီပေါ့။ ဒီ Animation ထဲကမှာ ဦးစိတ်တိုရဲ့ Voice Cast တွေကို နိုင်ငံခြားကအတိုင်းသေချာရွေးထားတာတွေ၊ BTS တွေကိုလည်း ဇာတ်လမ်းပြီးရင် ပြတာတွေအထိမိုက်ပါတယ်။ အဲ့ခေတ်ကသာ သေချာ Support ပေးခဲ့မယ်ဆိုရင် 2D ရော 3D Animation လေးတွေပါ တော်တော်လေးတိုးတက်လာနိုင်မှာပါ။
ခက်တာက မြန်မာက ထုတ်တာကို မြန်မာက ဝိုင်းဖယ်ထားတာရယ်၊ အဲ့ခေတ်တုန်းက Animation ဆိုတာဘာလည်း သေသေချာချာမသိတာရယ်၊ ကလေးတွေကြည့်တဲ့ ရုပ်ရှင်တစ်ခုလိုပဲ သတ်မှတ်လာတဲ့ Mindset တွေကြောင့် Supporting ကောင်းကောင်းမရတဲ့ Animator တွေက အချိန်ကြာတော့ ရေရှည်ရပ်တည်လို့မရတော့ပဲ အသီးသီးပျောက်ကွယ်သွားတော့တာပါပဲ။
ကျွန်တော် ဒီနေ့ကတော့ ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ မြန်မာ Animation ဇာတ်ကားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

imageimage
+4