5 w - Translate

မျက်နှာများတဲ့ Lexus LX570 2021
————————————————————————
သင်သိပါသလား?
Lexus LX570 ကရောင်းတဲ့နိုင်ငံပေါ်လိုက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ Original face မတူဘူးဆိုတာ။
ကျွန်တော်မနေ့ကအားလပ်ချိန်မှာ Lexus Japan website ထဲဝင်မွှေကြည့်ပါတယ်။ခါတိုင်း JDM Lexus ဆိုစိတ်မဝင်စားပင်မယ့်ဒီတစ်ခေါက်တော့ JDM အတွက်ဘာ Exclusive feature များရှိသေးလဲဆိုပြီးကြည့်မိပါတယ်။ ဝင်ကြည့်ပြီးစိတ်မကောင်းတောင်ဖြစ်သွားပါတယ်။ ကျွန်တော်အကြိုက်ဆုံး Lexus GS ဆိုတာ Lineup listထဲမှာတောင်မတွေ့တော့လို့ပါ။ သူ့အစား ES ပဲရှိပါတော့တယ်။
ရုတ်တရက်ကျွန်တော်သတိထားမိတာ Lexus LX ကြီးပါ။ ခုမြန်မာပြည်ကိုသွင်းနေတဲ့ Lexus LX တွေဆို Grille အနက်ကိုမှဇကာကွက်ပုံနဲ့ပါ။ ခု 2021 Model ဆိုရင် ရှဲက RX 2020 လိုအတုံးတုံးလေးတွေနဲ့တောင်ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် Japan မှာရောင်းနေတဲ့ LX570 ကအရင် Facelift 2016 တုန်းကလို အလျားလိုက် Chrome ရှဲနဲ့ပါ​။ အဲ့ဒါနဲ့ပဲ ကျွန်တော် LX570 အကြောင်းလိုက်ရှာပါတော့တယ်။
US 🇺🇸 မှာရောင်းတဲ့ LX570 2021 ရဲ့ Original ရုပ်ဟာ အရင် 2016 တုန်းကပုံနဲ့တူတူပါပဲ။ အလျားလိုက်Chrome grille နဲ့ပါ။ ဒါပေမယ့် Sport Package နဲ့ဆိုရင် ခု Dubai မှာရောင်းနေတဲ့ ပုံလို Block တုံး Grille နဲ့ဖြစ်သွားပါတယ်။
Canada 🇨🇦 မှာရောင်းတဲ့ LX570 2021ရဲ့ Original face ကလဲ US လိုပုံပါပဲ။ ဒါပေမယ့်သူ့မှာ Black Line Sport Edition ဆိုပြီး Trim တစ်ခုရှိပါတယ်။ US က Sport Package နဲ့ဘာကွာလဲဆိုရင် Block တုံး Grille က အနက်ရောင်ဖြစ်သွားပါတယ်။ နောက်ပြီးတံခါးလက်ကိုင်တွေ၊ နောက်မီး၊ရှေ့မီးကအစ အမဲရောင်ဆန်ဆန်ဖြစ်သွားပါတယ်။
Dubai 🇦🇪 မှာရောင်းတဲ့ LX570 ကတော့ Original ရုပ်ကိုက 2021 မှာ Blockတုံး Grille က Standard ဖြစ်သွားပါတယ်။ အရင်က Kuro (Black edition)တို့ Super Sport တွေမှာလို ဇကာကွက်အနက်ရောင် Grille နဲ့မလာတော့ပါဘူး။ ရိုးရိုး LX570 ရော Kuro (Black edition), Super Sport ရော Grille တူတူပါပဲ။
ကျွန်တော်ကတော့ Japan နဲ့ US/Canada မှာရောင်းတဲ့ အလျားလိုက် Chrome grille နဲ့ LX570 Original ရုပ်ကိုအကြိုက်ဆုံးပါ။ အသစ် Block တုံး grille ကလဲ RX 2020 မှာလဲမကြိုက်တာမို့ LX မှာလဲမကြိုက်ပါဘူး။ Original face ကို Chrome grille နဲ့ကကားနဲ့ပိုလိုက်သလို ကားရုပ်ကိုပိုပြီးခန့်စေပါတယ်။ ကျွန်တော်တော့ Full-size SUV (especially LX, LC 20 ဆို ခန့်ခန့်ညားညားပုံတွေပဲကြိုက်ပါတယ်၊ အရင် Super Sportပုံတွေလို ဇကာကွက်ရှဲအကြီးကြီးနဲ့ လူငယ်ဆန်တာမကြိုက်ပါ၊ အမြင်ရိုင်းသလိုပါပဲ။ တခြားLX 570s တွေ Inspiration Series တွေဆိုပြီးသက်သက်ရှိပါသေးတယ်၊သိပ်မကွာလှပါ။ မြန်မာပြည်မှာအသွင်းများတဲ့ Kuro နဲ့ ရိုးရိုး LX570 ပဲခြုံပြောခြင်းဖြစ်ပါတယ်။

image