#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဖူကူရှီးမား မြေသားများကို ဂျပန်ဝန်ကြီးချုပ်ရုံး ပန်းခင်းအတွက် အသုံးပြုမည်
ဖူကူရှီးမား နျူကလီးယားကပ်ဘေးသင့်ဒေသမှမြေသားများ ဘေးကင်းလုံခြုံမှုရှိကြောင်း ပြသသည့်အနေဖြင့် ယင်းမြေသားများကို ဝန်ကြီးချုပ်ရုံး ပန်းခင်းအတွက်အသုံးပြုရန် ဂျပန်ဝန်ကြီးချုပ်ရုံးက စီစဉ်ထားကြောင်းဂျပန်မီဒီယာများက မေ ၂၇ ရက်တွင်သတင်းထုတ်ပြန်ထားသည်။
၂ဝ၂၁ ခုနှစ်မြေငလျင်နှင့် ဆူနာမီကပ်ဘေးကြောင့် နျူကလီးယားကပ်ဘေးသင့်နယ်မြေဖြစ်ခဲ့ရသည့် ဖူကူရှီးမားနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းနေရာမှ မြေသားကုဗမီတာ ၁၄ သန်းကိုခြစ်ထုတ်ဖယ်ရှားထားသော်လည်း ယင်းမြေများကို ရယူအသုံးပြုသည့်သူများမှာ အနည်းငယ်သာရှိကြောင်း သိရသည်။
ဖူကူရှီးမားကပ်ဘေးသင့်နယ်မြေမှ မြေသားများ၏ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ပါဝင်မှုအဆင့်မှာ အန္တရာယ်မရှိကြောင်း ဂျပန်အစိုးရကအာမခံထားသည့်တိုင် ၎င်းမြေသားများကို ရယူသုံးစွဲမည့်သူ နည်းပါးနေခြင်းဖြစ်သည်။
မာပြသည့်အနေဖြင့် သို့ဖြစ်ရာအစိုးရက ဥပမာပြသည့်အနေ ဖူကူရှီးမား နျူကလီးယားကပ်ဘေးသင့်ဒေသ မြေသားများကို ဝန်ကြီးချုပ်ရုံးပန်းခင်းအတွက် အသုံးပြုမည်ဖြစ်ကြောင်း ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက ဂျပန်အစိုးရ အထူးအစည်းအဝေးပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားထားသည်။
စီအင်န်အေ

image