နတ်ဖွက်ထားတဲ့ မြို့ကလေး ပင်လောင်း 😍
နွေအပူပြင်းတဲ့အချိန်မှာတောင် ၂ဝံC - ၂၅ံC ကြားပဲရှိတာမို့ ‌နွေအပူရှောင်ချင်သူတွေအတွက် လာရောက်လည်ပတ်လို့ အကောင်းဆုံး ​အေးချမ်းတဲ့ဒေသတစ်ခု 🤗
ခုလို မိုးရာသီဆို တောတောင်ပန်းမန်တွေရဲ့ စိမ်းလန်းစွာ ပွင့်လန်းနေမှုက ရင်သက်ရှုမောချင်စရာ...ဆောင်းတွင်းမှာ တောင်ပေါ်ဒေသဖြစ်တာကြောင့် ရေခဲနိုင်သလို ဆောင်းအမှတ်အသားဖြစ်တဲ့ ချယ်ရီပန်းတွေကလည်း အလှကိုယ်စီနဲ့ ကြိုဆိုနေကြတာကြောင့် လာရောက်လည်ပတ်သူတိုင်းကို ထပ်မံ‌ဆွဲဆောင်နေတဲ့ မြို့​လေး ပင်​လောင်း 😊
ဘယ်လိုသွားကြမလဲ ???
အထက်ဘက်ကဆိုရင် တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့တို့ဘက်မှ လာရောက်နိုင်ပြီးနေပြည်တော်နဲ့ လွိုင်ကော်မြို့တို့ဘက်မှလည်း လာရောက်အပန်းဖြေနိုင်ပါတယ်​နော်။
ဘယ်တွေလည်ကြမလဲ ???
ပင်လောင်းမှာ စိတ်ဝင်စားဖို့ကောင်းတာက သဘာဝအလျောက်ရှိနေတဲ့ ကျောက်တောင် ကျောက်စိုင်တွေ၊ လျှိုမြောင်ချိုင့်ဝှမ်းတွေ၊ ရေတံခွန်တွေရှိလို့သလို
- ကော်ဖီခြံ၊ လွယ်မောင်းတောင်၊ ဝင်္ကပါတောင်၊ ရသေ့ဂူ၊ မျှော်လင့်ခြင်းတောင်ကုန်း၊ လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်း၊ တောင်းယှက်တဲ့ရွာ၊ ဘီလူးချောင်း၊ရေတံခွန်တွေ၊ လိမ္မော်ခြံ ၊ လှိုင်ဂူအများကြီးပဲ 😱
ဘယ်မှာတည်းမလဲ ???(Loilong Resort Myanmar )
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့ အသေးစိတ်စဉ်းစားတည်ဆောက်ထားတဲ့ Architecture နဲ့ သဘာဝအတိုင်းတည်ရှိနေတဲ့ ထုံးကျောက်ဆောင်တွေကိုမဖယ်ရှားဘဲ တည်ဆောက်ထားလို့ ထူးခြားမှု့ကိုခံစားရမှာဖြစ်ပါတယ်​နော် 😎
အခန်းတိုင်းက ကျယ်ဝန်းပြီး Resort ဆိုတဲ့အတိုင်း နွေးထွေးမှုကိုပေးလို့ မိသားစုလိုက် လာရောက်အပန်းဖြေလို့ကောင်းတဲ့နေရာလေး Loilong Resort Myanmar 😊
တောင်ပတ်လည်ဝန်းရံထားတဲ့ ချိုင့်ဝှမ်းလေးမှာ ရှိလို့ တောင်ပေါ် Trekking လည်းလုပ်လို့ရတယ်...
ခုလာမယ့် July ဆို ပိုးစုန်းကြူးလေးတွေ ထွက်တဲ့အချိန် မီးပုံပွဲလေးနဲ့ အပြင်ဘက်မှာ Chill မယ်ဆိုရင် မင်းနဲအတူ အမှတ်တရ​တွေတိုးဖို့ အခွင့်​ကောင်းပါပဲ​နော် 😉
မိုးတွင်းမှာ သဘာဝတရားနှင့် အနီးဆုံးထိ​တွေ့ခံစားနိုင်တဲ့ ပင်လောင်းမြို့လေးကိုသွားလည် မိုးစိမ့်စိမ့်လေးထဲ loilong reaort ရဲ့ အပြင်ဘက်ခုံလေးမှာထိုင်ရင်း ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဇိမ်ယူပြီးရင်း ယူနေချင်တယ်ဆိုရင်တော့
☎️ 09 944 575 755
09 894 575 755 ကိုသာ Hello ​လေးလုပ်လိုက်ပါ​နော် 🤗
Loilong Resort Myanmar
ပင်​လောင်းမြို့ ရှမ်းပြည်နယ်။
Google map link : https://bit.ly/3FRVaN2

image