5 w - Translate

မြောက်ကိုရီးယားက စာအုပ်ဆိုင်
===
မြောက်ကိုရီးယားမှာရှိတဲ့ ပြုံယမ်း မြို့တော်ရဲ့
အချက်အချာကျတဲ့ နေရာမှာ
The Foreign Languages Bookshop အမည်နဲ့
စာအုပ်ဆိုင်တစ်ဆိုင်တည်ရှိပါတယ်။ စာအုပ်ဆိုင်ထဲမှာ
Kim မျိုးဆက်ဖြစ်တဲ့ Kim Il Sung ၊ Kim Jong Il
နှင့် Kim Jong Un တို့အကြောင်းရေးသားထားတဲ့
စာအုပ်တွေ ၊ ပြုံယမ်းမြို့တော်ရဲ့ ရုပ်ပုံကားချပ်စာအုပ်တွေ၊
ဂျပန်နဲ့ အမေရိကန် ဆန့်ကျင်ရေး စာတွေ ၊ ကလေးပုံပြင်
စာအုပ်တွေ ၊ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ
ရှိပါတယ်။
စာအုပ်အများစုဟာ မြောက်ကိုးရီးယား ပြည်သူ၊
ပြည်သားတွေ ဖတ်ဖို့ရည်ရွယ်ပြီး
ထုတ်ဝေထားတာဖြစ်တယ်။
အတော်အသင့်သက်သာတဲ့ စျေးနဲ့ စာအုပ်တွေကို
ဝယ်ယူနိုင်တယ်လို့ဆိုကြတယ်။ အနုပညာလက်ရာ
အနည်းစုနဲ့ ဝါဒဖြန့်ချီတဲ့ ပိုစတာအများစုကို
စာအုပ်ဆိုင်မှာ ရောင်းချထားတာဖြစ်တယ်။
နိုင်ငံရပ်ခြားက စာရေးသူတွေရဲ့ စာအုပ်တွေကို
တစ်အုပ်မှမတွေ့ရဘဲ မြောက်ကိုရီးယား သမ္မတဟောင်း
Kim Il-Sung နှင့် မြောက်ကိုရီးယား ခေါင်းဆောင်းဟောင်း
Kim Jong Il တို့ရဲ့ စာပေါင်းချုပ်တွေကို ဘာသာစကား
မျိုးစုံနဲ့ ပြန်ဆိုထားတဲ့ စာအုပ်တွေကိုပဲ တွေ့ရမှာဖြစ်တယ်။
ထူးထူးခြားခြားအနေနဲ့ The Legends of Pyongyang
အမည်ရှိ ဒဏ္ဍာရီပုံပြင် စုစည်းမှုကို ပြင်သစ်ဘာသာသို့
ပြန်ဆိုထားတဲ့ စာအုပ်၊ ‘Mount Paektu’ လို့ ခေါ်တွင်တဲ့
အဲပစ်ကဗျာရှည်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားတဲ့
စာအုပ်နဲ့ နာမည်ကျော် တော်လှန်ရေး အော်ပရာတစ်ပုဒ်ကို
မှီငြမ်းထားတဲ့ Sea of Blood ဝတ္ထုရှည် ၊
တော်လှန်ရေးသမိုင်းနောက်ခံ ဝတ္ထုဖြစ်တဲ့
The People of the Fighting Village ၊
A Usual Morning ဝတ္ထုတိုစု အစရှိတဲ့စာအုပ်တို့ကို
တွေ့ရမှာ ဖြစ်ပါတယ်။

image
image
image