ဒီစာအုပ်ကို တော်"များ"က recommend ပေးကြတာတွေ့တယ် ဒါပေမဲ့ ကိုယ်က ဘာသာရေးစာအုပ်လို့ အပေါ်ယံဆုံးဖြတ်ပြီး မဖတ်ဖြစ်ခဲ့ဘူး။
အခုဖတ်ဖြစ်သွားတော့ တကယ်လည်းဘာသာရေးစာအုပ်ပါ။ တခုရှိတာက အပေါ်ယံဆုံးဖြတ်ပြီး ဖတ်တာနောက်ကျတဲ့အတွက် စိတ်မကောင်းဖြစ်မိတာပါပဲ။ ဒီစာအုပ်က Buddhism ကိုဇောင်းပေးပြီးရေးထားတာကြောင့် နည်း"အီ ပေမဲ့လည်း လိုချင်တဲ့point ကိုရောက်အောင် စိတ်၀င်စား အောင် လောကီနှင့် လောကုတ္တရာကို ပေါင်းစပ်ပြီး ရေးသားတဲ့ စာရေးဆရာရဲ့ လက်ရာအစွမ်းကိုလည်းတွေ့ရပါတယ်။
လူတွေရဲ့ နေ့စဥ်ဘ၀အတွက် အစားအသောက်၊အနေအထိုင်၊အပြုအမူတွေအစ သံသရာတ လျှောက်လုံးအတွက် ဘယ်လိုအမူအကျင့်တွေ လိုက်နာကျင့်သုံးသင့်တယ် ဆိုတာတွေကို ဥပမာစုံ"လင်"နဲ့ဖော်ပြထားတယ်။
ပုထုဇဥ်လူသားတွေ အ ၀ိဇ္ဇာအမှောင်ဖုံးမှုကြောင့် တဏှာစွဲကပ်ခြင်းကိုခံရတယ် အဲ့ဒီအတွက်ကြောင့် သင့်တော်၏ မသင့်တော်၏ ကို မစဥ်းစားနိုင်တော့ ပဲ အကုသိုလ်တွေဆက်တိုက်ကျူးလွန်မိကြပြီး ဒုက္ခ တောက မထွက်နိုင်ဖြစ်ကြတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး MCလို့ပြောရမဲ့ မခင်မေ ရဲ့အတွေ့အကြုံတွေ အပြုအမူေတွ သူမ လိုက်နာကျင့်သုံးတဲ့ဗုဒ္ဓရဲ့အတွေးအခေါ်ေတွကတဆင့် သိရပါတယ်။
သံယောဇဥ် တွယ်မိပြီဆိုတာနဲ့ ပူလောင်ဖို့လမ်းစ ဖြစ်တယ်ဆိုတာကိုလည်း အသိသတိ ဖြစ်စေပါတယ်။ တခြားရေးစရာ အကြောင်းရာတွေ အများကြီးရှိပေမဲ့ မဖတ်ရသေးတဲ့သူတွေအတွက် spoilသလို ဖြစ်မှာကြောင့် မရေးတော့ပါဘူး ။ highly recommend ပေးပါတယ် စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို အကုန်မသိရင် မလိုက်နာနိုင်ရင်တောင် တခုလောက်ဖြစ်"တော့ သိမာပါ။
အဲ့ဒီတခုက totally worth it ပါ။
